ဆန်ချော(ရှယ်) အဝယ်လိုက်ပြီး အဝင်နည်းလို့ ဈေးတက်

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်ဝါးတန်းကုန်စည် ဒိုင်မှာ ဆန်ချောများအဝင်နည်းပြီး  ဈေးနှုန်းမြင့်တက်ခဲ့ပေ မယ့် ဆန်ကြမ်းဈေးတွေကတော့  ယခင်တစ်ပတ်အတိုင်းဈေး ငြိမ်နေပါတယ်။ မူဆယ်ဆန်ဈေးကွက်မှာ ဆန်ကားအဝင်နည်း ပြီး အရောင်းအဝယ်ပါးနေတာကို တွေ့ရပါတယ်။
လူကြိုက်များတဲ့ မြန်မာ့ဆန်ပေါ်ဆန်း(ရှယ်) အရောင်း အဝယ်ဖြစ်ပြီး အဝင်နည်းလို့ ဈေးအနည်းငယ်တက်သွားတယ် လို့ ရန်ကုန်မြို့ရဲ့ ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဇူလိုင်  ၂၁ ရက်ဈေးနှုန်းများအရ ဖျာပုံ ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်    ကျပ် ၃၅၅၀ဝ နဲ့ လတ်စ တစ်အိတ်  ကျပ် ၃၃၀ဝ၀ ၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၇၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၅၀ဝ၀၊ နယ်စုံပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၃၅၀ဝ၀နဲ့ လတ်စတစ် အိတ်ကျပ် ၃၂၅၀ဝဖြစ်လို့ တစ်အိတ်ကို ကျပ် ၅၀ဝ မှ ကျပ် ၁၀ဝ၀ အထိဈေးတက်သွားပါတယ်။ ပေါ်ဆန်းဆန်ချော (ရှယ်) ကြီးတွေ အဝင်နည်းပြီး အရောင်းအဝယ်ဖြစ်လို့  ဈေး တက်သွားတာလို့ ဝါးတန်းကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်ကတော့ ထိပ်စ တစ် အိတ် ကျပ် ၂၃၀ဝ၀ ၊ လတ်စတစ်အိတ်ကျပ် ၂၁၅၀ဝ၊ နွေသီး ထပ်ရှယ်   တစ်အိတ်လျှင်ကျပ် ၁၉၀ဝ၀ မှ ကျပ် ၁၉၈၀ဝနဲ့ ယခင်တစ်ပတ်အတိုင်း  ဈေးငြိမ်နေပါတယ်။ နွေဆန်ရက် ၉၀ ကယခုတစ်ပတ်တစ်အိတ်လျှင် ကျပ် ၁၉၅၀ဝ မှ ကျပ် ၂၁၅၀ဝ ဖြစ်လို့ ကျပ် ၅၀ဝ မှ   ကျပ် ၁၅၀ဝ ခန့်ဈေးကျ လာပါတယ်။ မနောသုခဆန်တစ်အိတ်လျှင် ကျပ် ၂၆၀ဝ၀ မှ ကျပ် ၂၇၀ဝ၀၊ ပြည်ပ ပို့ကုန် ဧည့်မထ  ၂၅ မှတ်ဆန်  တစ်အိတ် ကျပ် ၁၇၂၀ဝ မှ ကျပ် ၁၇၅၀ဝ နဲ့ ဈေးငြိမ်နေပါ တယ်။
မူဆယ်ဆန်ဈေးကွက်မှာ ဇူလိုင် ၂၂ ရက်နေ့ဈေးနှုန်း အရ ဧည့်မထ ဆန် ၅ မှတ်  မှော်ဘီတစ်အိတ်လျှင်   ၁၄၃ မှ ၁၄၆ ယွမ်နဲ့ စူပါတစ်အိတ်လျှင်  ၁၄၆ မှ ၁၄၉ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ်လျှင်  ၁၃၈ မှ ၁၄၁ ယွမ်နဲ့ စူပါ တစ်အိတ်လျှင်  ၁၄၄ မှ ၁၄၅ ယွမ်၊  မနောသုခ ၂၅ မှတ် တစ် အိတ်လျှင်  ၁၃၀ မှ ၁၃၄ ယွမ်၊ ငစိန် ၅ မှတ် ဆန်တစ်အိတ် ၁၄၅ မှ ၁၄၇ ယွမ်၊ ငစိန် ၁၅ မှတ် ဆန်တစ်အိတ် ၁၄၀ မှ ၁၄၃ ယွမ်၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်  ၁၃၆ မှ ၁၃၈ ယွမ်နဲ့ ဈေးငြိမ်နေပါတယ်။
မိုးကလည်းတစ်ပတ်လုံးရွာနေတာနဲ့  ကားသွားလို့ လည်း အဆင်မပြေတာကြောင့် မူဆယ်ကို ဆန်ကားတွေအဝင် နည်းပြီး အရောင်းအဝယ်လည်း နည်းသွား တယ်လို့ မူဆယ် ဆန်ဈေးကွက်မှ သိရှိ ရပါတယ်။ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ မူဆယ် ကုန်စည်ဒိုင်သို့ နယ်စုံမှ  နေ့စဉ် ပြည်တွင်းဆန် ပျမ်းမျှအဝင် တန်ချိန် ၆၀ဝ ခန့်ရှိပြီး ရက်သတ္တပတ်အတွင်း တန်ချိန် ၄၂၀ဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။
      

Agency Ministry of Foreign Affairs
Category General