ရန်ကုန်ကားဈေးကွက် အေးသည်ထက်အေးလာ

ဇူလိုင်လနှောင်းပိုင်း ရန်ကုန်ကားဈေးကွက်၏ အခြေ အနေမှာ ယခင်တစ်ပတ်များထက်ပင် ဈေးအေးသည်ထက် အေးနေပြီး အရောင်းအဝယ်များလည်း နည်းပါးကာ ကား ပွဲစားတန်းနေရာများနှင့် အရောင်းစင်တာများတွင်ပါမူ လူ အဝင်အထွက် ကျဲနေကြောင်း သိရသည်။ ရန်ကုန်ကားဈေးကွက်အတွင်း ကားအရောင်းအဝယ် နည်းပါးသွားပြီး ဈေးကွက်အေးနေသော်လည်း ရန်ကုန်ရှိ ဆိပ်ကမ်းများတွင် ကားအဝင်များသိသိသာသာလျော့ကျခြင်း မရှိဘဲ ဆက်လက် ဝင်ရောက်လျက်ရှိကြောင်း၊ ယင်းသို့ အရောင်းအဝယ်ပါးသော်လည်း ကားများ ဆက်လက်ဝင် ရောက်နေရခြင်းမှာ ရန်ကုန်ကားဈေးကွက်အတွင်းသို့ ဖရီး ပါမစ်ကားများ နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ပြီး စီးနင်းနေ ကြသည့်သဘောပင်ဖြစ်ပြီး၊ ရန်ကုန်အနီးတစ်ဝိုက်မြို့များမှလိုင်စင်များသာမကမန္တလေးလိုင်စင်ဖြင့် မှတ်ပုံတင်ကားများပါပါဝင်ကြောင်း၊ ဧပြီလေ နာက်ပိုင်း မှစတင်၍ရန်ကုန်ကားဈေးကွက်အတွင်း ဖရီးပါမစ်ကားများကားပါကင်ထောက်ခံချက်စနစ်ရပ်တန့်သွားပြီး နောက်ပိုင်းကား တင်သွင်း မှုစနစ်ပြောင်း လဲသွားသည့်ပုံစံဖြစ်ကြောင်း၊စလစ်ကပ်ကားများမှာလည်းမေလလယ်ခန့်ကဈေးတန်း မြင့်တက်ကာအားကောင်းခဲ့သော်လည်းနောက်ပိုင်းတွင် အကြား သတင်း များကြောင့်စလစ်ဈေးတန်းများ ပြန်လည်ဈေးကျလာကာစလစ်ကပ်ကားများလည်းဈေးပြန်အေးသွားကြောင်း၊ လတ်တလော အခြေအနေမှာ ဇူလိုင်တတိယပတ် ခန့်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့တွေ့ဆုံညှိနှိုင်းအဖြေရှာကြသည့် သတင်း ကြောင့် ကားဈေးကွက်၏ ဦးဆောင်ဖြစ်နေသည့် ရန်ကုန်ကားဈေးကွက်အတွင်း အခြေအနေစောင့်ကြည့်ခြင်းများဖြစ်ပေါ်ကာယခုကဲ့သို့ ကားဈေးကွက်အေးသည်ထက်အေးလာရခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရန်ကုန်ဈေးကွက်ထဲတွင်သုံးပြီး အက္ခရာနိမ့် ကားများ သိန်း ၁၀ဝ ဝန်းကျင်၊ တစ်ရာစွန်းစွန်း ကားလေးများ နှင့် လုပ်ငန်းသုံးကားဟောင်းများသာ အနည်းငယ်အရောင်း အဝယ်ရှိပြီး စလစ်ကပ်ကားများထဲတွင်မူလူသုံးများကားများ ဖြစ်သည့်ရက်ဖိုး၊ စီအာဗီ၊ ကလူဂျာ၊ အယ်လ်ဖတ်စသည့် ၁၈၀ဝ စီစီမှ ၂၄၀ဝ/၃၀ဝ၀စီစီအထိအင်ဂျင်ပါဝင်ကြီးကားများ၊ အက္ခရာသုံးတန်း၊ နှစ်တန်းနိမ့်ကားများလည်းအနည်းငယ်အရောင်းအဝယ်ရှိကြောင်း၊ အငှားယာဉ် (တက္ကစီ) များလည်း အက္ခရာနိမ့်စီအန်ဂျီသုံးယာဉ်များအရောင်းအဝယ်ရှိပြီး၊စလစ်ဈေးတန်းသိန်း ၈၀ဝန်းကျင်ကျဆင်းလာသဖြင့်လက်တင်စီး၍ရသော နှစ်၂၀ သက်တမ်းရှိ ကားများမှာ စလစ်ဈေးကျသော်လည်း ရုပ်ခံကောင်းသော အပ်ကားဈေးမှာ သိန်း ၈၀ အထက်ဖြင့် ဈေးကွက်တစ်ခုဖြစ်နေကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြောသည်။

Agency Ministry of Foreign Affairs
Category General