မတ်ပဲဈေးကွက်တွင် ဈေးကျဆင်းလာ

ဟင်္သာတ မတ်ပဲဈေးကွက်မှာယခုဇူလိုင်လတတိယပတ်အတွင်း မတ်ပဲဈေးများ ကျဆင်းလာခဲ့ပါတယ်ဇူလိုင်လ၁၈ ရက်က မတ်ပဲတစ်တင်း လျှင်ကျပ် ၅၅၀ဝ၀ အ ထိရှိနေရာမှ၂၀ရက်တွင်ကျပ် ၅၄၀ဝ၀သို့ကျဆင်းခဲ့ပါတယ်။ဇူလိုင်လဆန်းပိုင်းက ပိသာ၂၀ဝင်တစ်တင်းလျှင်ကျပ် ၅၇၀ဝ၀ ဖြင့် ရောင်းဝယ် ခဲ့ကြသော် လည်း ဒုတိယပတ်မှာ ကျပ် ၅၇၃၀ဝ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဈေး ကျဆင်းနေမှုကြောင့်မတ်ပဲလှောင်လက်များနဲ့မတ်ပဲလက်ကျန်ရှိတဲ့ စိုက်ပျိုး ထုတ်လုပ်သူများအနေနဲ့ရောင်းဝယ်မှုနည်းပါးလာခဲ့ကာတက်ဈေးကိုမျှော်လျက်ရှိကြောင်းသိရပါတယ်။

Agency Ministry of Foreign Affairs
Category General