ပြည်ပဈေးကွက်တွင် ဖျာပုံမှ ငါးမုတ်နှင့် ငါးသလောက် ဈေးကောင်းရနေ

ဖျာပုံမြို့နယ်သည်လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းနှင့် ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းတို့ဖြင့် စီးပွားရေးရပ်တည်နေသော မြို့တစ်မြို့ ဖြစ်ပါတယ်။ယခုလရာသီသည် လယ်ယာလုပ်ငန်းများကိုစတင်စိုက်ပျိုးလုပ်ကိုင်ကြသောလရာသီ ဖြစ်သလိုပင်လယ်ငါးဖမ်းလုပ်ငန်းအနေဖြင့်လည်း ငါးမုတ်ငါးဖမ်းသောလရာသီလည်း ဖြစ်ပါ တယ်။ငါးမုတ်ငါးများကိုဇွန်လမှစ၍ သြဂုတ်လအထိ ဖမ်းယူကြပါတယ်။ငါးမုတ်သည် ဈေးကွက်ဝင်ငါးဖြစ်လို့ ပင်လယ်ငါးဖမ်း ရေယာဉ်ပိုင်ရှင်များအနေဖြင့် သူ လရာသီရောက်လာလျှင် ငါးမုတ်ကိုသာဦးစားပေးဖမ်းလေ့ရှိကြပါတယ်။ဒုတိယဈေးကွက်ဝင်ငါးမှာငါးသလောက်ဖြစ်ပြီးယခုအချိန်အခါသည် ငါးသလောက် ရာသီ မဟုတ်သော်လည်း လက်ကျန်ငါးသလောက် အကောင်ကြီးများကိုရရှိပြီး ဈေးကွက်မှာဈေးကောင်းရရှိပါတယ်။ငါးသလောက်ရာသီမှာစက်တင်ဘာလကစပြီး ထို လတွင် ၂၀-၃၀ ကျပ်သားအရွယ်များ ရရှိပါတယ်။ နိုဝင်ဘာလောက်တွင်ငါးသလောက် ၄၀-၅၀-၆၀ကျပ်သားအရွယ်ခန့်ရှိသောအကောင်များကို ရရှိပါ တယ်။ တစ်နှစ် ထက်တစ်နှစ်ငါးရရှိမှုအခြေအနေမှာရာသီဥတုပေါ်တွင် မူတည်လျက်ရှိပြီး ပင်လယ်ထဲမှာ တစ်နှစ်ကို မုန်တိုင်း တစ်ကြိမ် နှစ်ကြိမ်ပုံမှန်ကျရောက်လေ့ ရှိပါတယ်။ ယခုထက်မုန်တိုင်းအကြိမ်ရေများလာရင်တော့ ငါးဖမ်းရေယာဉ်များနားရက်ပိုလာကာငါးလည်းအရနည်းသွားမှာ ဖြစ်ပါတယ်။ ဖျာပုံမြို့နယ်မှ ငါးသေ လာက်ဝယ်ဈေးမှာ ၃၀ဝမှ ၅၀ဝဂရမ်ကို ၈၀ဝ၀ကျပ်၊ ၅၀ဝမှ ၈၀ဝ ဂရမ်ကို ၁၀၅၀ဝ ကျပ်၊ ၈၀ဝမှ ၁၀ဝ၀ ဂရမ်ကို ၁၅၀ဝ၀ ကျပ်၊ ၁၀ဝ၀မှ ၁၂၀ဝ ဂရမ်ကို ၁၆၀ဝ၀ကျပ်၊၁၂၀ဝမှ ၁၅၀ဝဂရမ်ကို၁၈၀ဝ၀ကျပ်၊ ၁၅၀ဝ ဂရမ်အထက်ကို ၂၀ဝ၀ဝ ကျပ်ဈေးများ ရှိပါတယ်။ငါးမုတ်ဝယ်ဈေးမှာ ၁၀ဝ ဂရမ် အောက် ၅၆၀ဝ ကျပ်၊ ၁၀ဝမှ ၂၀ဝဂရမ်ကို၁၂၅၀ဝကျပ်၊၂၀ဝ မှ ၃၀ဝဂရမ်ကို ၁၈၃၀ဝကျပ်၊ ၃၀ဝ မှ ၄၀ဝ ဂရမ်ကို ၂၅၀ဝ၀ကျပ်၊ ၄၀ဝဂရမ်အထက်ကို ၃၆၅၀ဝ ကျပ် ဈေး များအသီးသီးရှိကြောင်းသိရပါတယ်။ဖျာပုံမြို့နယ်မှ ရရှိသော ပင်လယ်ငါးများအားရန်ကုန်သို့တင်ပို့ပြီးငါးများအား အေးခဲစက်ဖြင့်ခဲ၍ ရန်ကုန်မှ တစ်ဆင့်တရုတ် ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့တင်ပို့ကြပါတယ်။တင်ပို့သောငါးများမှာ တရုတ်နှင့် အိန္ဒိယသို့ ငါးမုတ်၊ ငါးရွှေဝါ၊ ကတ် သမျှင်၊ ငါးရွှေနှင့် ငါးပုတ်သင် ငါးများ တင်ပို့လျက်ရှိပြီးဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ငါးသလောက်၊ ငါးခွေးလျှာ၊ငါးမျက်ပြူး၊ ငါးဇင်းပြားနှင့် ငါးကုလား ငါးများကို တင်ပို့လျက် ရှိပါတယ်။ ယခု နှစ် ငါး ဈေးကွက်မှာ မြင့်တက်လာဖို့ရှိပြီး တစ်ပိဿာလျှင် ၂၀ဝ၀-၃၀ဝ၀ကျပ်ခန့် ပိုမိုရရှိလာသည့်အတွက် လုပ်ငန်းရှင် များ တွက်ခြေကိုက်လျက်ရှိကြောင်း ဖျာပုံမြို့နယ် ပင်လယ်ကမ်းနီး ကမ်းဝေး လုပ်ငန်း တစ်ခုဖြစ်တဲ့ ပြည့်ဖြိုးကျော် လုပ်ငန်းကုမ္ပဏီ မှ ဦးဝေမြင့်က ပြောပါ တယ်။

Agency Ministry of Foreign Affairs
Category General