ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်မျိုးစုံ ၁၅၀ဝ၀ နီးပါး ဝင်ရောက်

ဇူလိုင်လပထမပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၆ဒသမ၉၉၉သန်းတန်ဖိုးရှိတဲ့ ဆိုင်ကယ်မျိုးစုံ ၁၄၈၉၅စီး တင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်ကထက် အစီး၈၀ဝကျော်ပိုမိုတင်သွင်းခဲ့ပါတယ်။ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ် ရေးစခန်းများမှ တင်သွင်းမှုအခြေအနေ ကို ကြည့်ပါက မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄ဒသမ ၁၆၉သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၂၉၂၃စီး၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာသုည ဒသမ ဝ၃၀၇သန်းတန်ဖိုးရှိ ဆိုင်ကယ်၁၂၀စီး၊ ကန်ပိုက်တီးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာသုည ဒသမ ဝ၁၆သန်း တန်ဖိုးရှိဆိုင်ကယ် အစီး၆၀ နဲ့ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ဒသမ ၇၈၄သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၇၉၂စီးတို့ အသီး သီး တင်သွင်းခဲ့ပါတယ်။တမူးကုန်သွယ်ရေး စခန်းမှ ယခု တစ် ပတ်အတွင်းက တစ်ဖက်အိန္ဒိယ နိုင်ငံရဲ့ မိုရေး-အင်ဖာကားလမ်းပိတ် ထားတဲ့အတွက် ဆိုင်ကယ်တင်သွင်းမှု မရှိတာ တွေ့ရပါတယ်။မြန်မာအိန္ဒိယနယ်စပ်မှ သုံးလအတွင်း အိန္ဒိယဆိုင်ကယ်အစီးရေ ၁၀ဝ၀ကျော်တင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ် ထက် တင်သွင်းမှု လျော့နည်းသွား ကြောင်း တမူးကုန်သွယ်ရေးစခန်းမှ သိရ ပါတယ်။

Agency Ministry of Foreign Affairs
Category General