စစ်တွေကုန်သွယ်ရေးစခန်းမှ သစ်ခေါက်၊ မန်ကျည်းစေ့ နှင့် ငါးနီတူခြောက်တို့ တင်ပို့

မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်ဖြစ်တဲ့ စစ်တွေကုန်သွယ်ရေး စခန်းမှဇူလိုင်လပထမပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၂သန်းတန်ဖိုးရှိ သစ်ခေါက် ၅တန်၊ အမေရိကန်ဒေါ်လ ာသုည ဒသမဝ၀၄သန်းတန်ဖိုးရှိ မန်ကျည်းစေ့၇၅တန်တို့အပြင် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၃သန်းတန်ဖိုးရှိငါးနီတူခြောက် ၂တန်၊ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၁၄သန်းတန်ဖိုးရှိ ဇီးယို ထုပ် ၄၃တန်နဲ့ အမေရိကန် သုညဒသမ ဝ၀၂သန်းတန်ဖိုးရှိ ပဲကြီး ၂တန်တို့ကို တင်ပို့ခဲ့ပါ တယ်။ယခင်တစ်ပတ်ကထက် မန်ကျည်းစေ့၂၆တန်နဲ့ ဇီးယိုထုပ်၃၈တန်ပိုမိုတင်ပို့နိုင်သော်လည်း ဇီးဖတ်နဲ့ ဂျင်းစိုကို ယခု တစ်ပတ်မှာ တင်ပို့နိုင်ခြင်းမရှိဘူး လို့ စစ်တွေကုန်သွယ်ရေးစခန်းမှ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General