မူဆယ်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း တန်ချိန် ၄၀ဝ ကျော် တင်ပို့

မန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင် ၂ ရက်မှ ၇ ရက်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၄သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၁၉တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ပရဆေးကုန်ကြမ်းတွေကတော့ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တောချင်း၊ မာလာဥခေါင်း၊ ကြောင် ပန်းစေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ရွေးစေ့၊ ရွေးရွက်၊ ချဉ်ပေါင်ဖာလာ၊စမုံနက်၊ကွမ်းစာ၊ဂမုန်း၊ ဝဥခြောက်၊ဖန်ခါးသီးခြောက်၊ဆီးဆန်နဲ့ မုတ်ခါးတို့ဖြစ် ပါ တယ်။ ယခင်သီတင်းပတ်ကပရဆေးအမယ် ၉မျိုး စုစုပေါင်း၄၂၅တန်တင်ပို့ခဲ့လို့ယခုတစ်ပတ် ပရဆေးတင်ပို့မှုမှာ ကုန်ကြမ်းအမယ်များသော်လည်း တင်ပို့တန်ချိန် ၅တန်ခန့် လျော့နည်းသွားခဲ့တာကို တွေ့ရပါတယ်။မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းကတော့ ပုံမှန်တင်သွင်းနေကျ အမေရိကန်ဒေါ်လာ ၇၇၆၆၃ တန်ဖိုးရှိ တောင်လုံးကျော်လေးတန်တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်ကသုံးတန်ခွဲသာတင်သွင်းခဲ့သဖြင့် ယခုတစ်ပတ် အိန္ဒိယမှတောင်လုံးကျော် အနည်းငယ် ပိုမို တင် သွင်းခဲ့ပါတယ်။

Agency Ministry of Foreign Affairs
Category General