ယခုဘဏ္ဍာရေးနှစ်တွင်FMI ကုမ္ပဏီ ဝင်ငွေကျပ် ဘီလီယံ ၁၁၀ ကျော်ရရှိ

ယခုဘဏ္ဍာရေးနှစ်တွင်FMIကုမ္ပဏီသည်ဝင်ငွေကျပ်ဘီလီယံ၁၁၀ကျော်ရရှိခဲ့ကြောင်းFMIကုမ္ပဏီ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။FMI ကုမ္ပဏီသည် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊အိမ်ရာဖော်ထုတ်တည်ဆောက်ရေးကဏ္ဍနှင့်ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံလျက်ရှိရာယင်းကဏ္ဍကြီး သုံးခု အနက်ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍတစ်ရပ်ဖြစ်သည့် ရိုးမဘဏ်နှင့်ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍတစ်ရပ်ဖြစ်သည့်ပန်းလှိုင်စီလုံဆေးရုံတို့မှ ခိုင်မာသော ဝင်ငွေ တိုးတက်မှုများရရှိခဲ့ကြောင်းအဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ယခုနှစ် အိမ်ခြံမြေဈေးကွက်သည်ယေဘူယျအားဖြင့် ငြိမ်သက်နေသော် လည်း FMI၏ အစုစပ်ကုမ္ပဏီဖြစ်သည့် ကြယ်စင်မြို့တော် (Star City) စီမံကိန်းအားတည်ဆောက်လျက်ရှိသည့်ကုမ္ပဏီ ဖြစ်သည့် Thanlyin Estate Devel - opmentသည် ၎င်း၏လုပ်ငန်းများကိုဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ အဆိုပါအိမ်ရာတည်ဆောက်ရေးစီမံကိန်းမှ အမြတ်ဝေစု ၃ ဒသမ ၃ဘီလီယံရရှိခဲ့ကြောင်း သိရသည်။အိမ်ခြံမြေဈေးကွက်တွင်တိုးတက်မှုရရှိနေသည်ဟူသည့်ခံယူချက်အရStar City နှင့် Kris Plazaတည်ဆောက် ရေး လုပ်ငန်းများသည်လာမည့် နှစ်တွင်ပိုမိုရောင်းချနိုင်မည်ဟု မျှော်လင့်လျက်ရှိပြီး အိမ်ရာဖော်ထုတ်တည်ဆောက်ရေးစီမံကိန်းများအားထပ်မံ၍ ရှာဖွေသွား မည်ဖြ စ်ကြောင်းသိရသည်။ထို့ပြင် ရိုးမဘဏ်အား ဆက်လက် တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ တိုးချဲ့ခြင်းဖြင့် ရေရှည်တိုးတက်မှုအား ဖန်တီးနိုင်ရန် ဘဏ်၏ စီမံခန့်ခွဲမှုနှင့် နည်းပညာတို့အပေါ်တွင် စူးစိုက်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။ရိုးမဘဏ်အနေဖြင့် တယ်လီနော မြန်မာနှင့် ဖက်စပ်ဆောင်ရွက်မှု အဖြစ် Wave Money ငွေလွှဲလုပ်ငန်းတစ်ရပ် ကို ထူထောင်ရန် စီစဉ်ထားပြီး မြန်မာ နိုင်ငံ၏မိုဘိုင်းဖုန်းဖြင့် ငွေလွှဲပြောင်းပေး ပို့မှုကဏ္ဍတွင် အင်အား တစ်ခုဖြစ်လာ ရန်အသင့် အနေအထားတွင်ရှိနေ ကြောင်း သိရသည်။FMI ကုမ္ပဏီသည် ယခုနှစ် အမြတ်ဝေစုအဖြစ် အစုရှယ်ယာတစ်စု လျှင် ၁၃၅ ကျပ် ခွဲဝေပေးမည်ဖြစ် ကြောင်း သိရသည်။FMI အနေဖြင့် လာမည့်နှစ်များ တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အပေါ် အမြတ်ထုတ်ရန်အကောင်းဆုံး အနေအထားတွင်ရှိနေကြောင်း၊ ယခုဘဏ္ဍာရေးအကျိုးဖြစ်ထွန်းမှုများသည် ကျွန်တော်တို့၏အနာဂတ်အလား အလာ များကိုမီးမောင်းထိုးပြလျက်ရှိ ပါကြောင်း၊ မိမိတို့တွင် မဏ္ဍိုင်သုံးရပ်အပေါ်အာရုံစိုက်သောရှင်းလင်းပြတ် သားသည့် စီးပွားရေးမဟာဗျူဟာ တစ်ရပ်ရှိပါကြောင်း ၊မိမိတို့သည် မြန်မာနိုင်ငံ တွင် လုပ်ငန်း တိုးချဲ့ရန်အားကိုးတကြီး မျှော်လင့်နေကြသော နိုင်ငံတကာကုမ္ပဏီများအတွက် ရွေး ချယ်ရမည့် စီးပွားဖက်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတိုးတက်မှုအတွက်ခိုင်မာသောအခြေခံ အုတ်မြစ်တစ်ရပ်အားမိမိတို့ ဖန်တီးထားပြီးဖြစ်ကြောင်း၊ FMI အတွက်အနာဂတ်ကာလသည် လွန်စွာ အလား အလာ ကောင်းမွန်လျက်ရှိပါကြောင်း ဖြငFMI ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေက ပြောကြားခဲ့သည်။

Agency Ministry of Foreign Affairs
Category General