မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး ဈေးမြင့်တက်

ဒီတစ်ပတ်မုံရွာဈေးကွက်မှာပဲတီစိမ်းနဲ့ပဲစင်းငုံနီဈေးပြောင်းလဲမှုမရှိဘဲယခင်တစ်ပတ်ဈေးနှုန်းအတိုင်းဆက်လက်ရှိနေ ပြီး၊ကုလားပဲဖြူလုံးကြီးကတော့ ယခင်တစ်ပတ် ထက်ဈေးမြင့်ခဲ့ ကြောင်းသိရပါတယ်။ပဲတီစိမ်းကြီးကတော့ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းတစ်ပိသာ၁၃၉၄ ကျပ်(တစ်တန်ကို၈၅၃၆၇၁ကျပ်)နဲ့ဈေးဖွင့်ခဲ့ပြီး အရောင်း အဝယ်ပုံမှန်ဖြစ်ကြောင်း သိရပါတယ်။ပဲစင်းငုံနီဈေးကလည်း ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း တစ်ပိသာ ကျပ် ၂၃၉၀ (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်) နဲ့ဈေးဖွင့် ခဲ့ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ဒေသတွင်းဝယ်လိုအားပုံမှန်ရှိနေတဲ့ကုလားပဲဖြူလုံးကြီးက ယခင်တစ်ပတ်က တစ်ပိသာ ၂၀၄၂ ကျပ်ရှိနေရာ ကယခုတစ်ပတ်မှာ တစ်ပိသာကို၂၁၈၄ကျပ်(တစ်တန်ကို ၁၃၃၇၄၅၉ ကျပ်) အထိ ဈေးမြင့်ခဲ့ကြောင်း သိရပါတယ်။

Agency Ministry of Foreign Affairs
Category General