ပြောင်းတင်ပို ့မှုရှေ ့အလားအလာ

ပြောင်းကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စိုက်ပျိုးကြပြီး ပြောင်းစိုက်ပျိုးဧရိယာ၁၀၉၃၄၈၂ဧကရှိပြီး တန်ချိန် ၁၆ သိန်းကျော် ထွက်ရှိပါတယ်။မျိုးစေ့၊ လေ့လွင့်နဲ့ စားသုံးမှုတို့အတွက်တန်ချိန် ၂၅၀ဝ၀ဝတန်လျာထားပြီးပိုလျှံတန် ၁၄ သိန်း ခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ပင်လယ်ရေကြောင်းနဲ့ နယ်စပ်စခန်းများမှတန် ချိန် ၁၁၈၈၄၃၈တန်၊ အမေရိကန် ဒေါ်လာ ၃၀၅ ဒသမ ဝ၈၉ သန်း တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်ဧပြီလမှ ဇွန်လအထိအမေရိကန်ဒေါ်လာ၂၆ ဒသမ ဝ၂၁သန်းတန်ဖိုးရှိ ပြောင်းတန်ချိန်၁၀ဝ၀ဝ၅၀တန်တင်ပို့ပြီး ဖြစ်တယ်လို ့ သိ ရ ပါတယ်။တရုတ်နိုင်ငံအနေဖြင့် ပြောင်းဖူးစေ့ကို၎င်းတို့၏ အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ထားရှိပြီးစံအရည်အသွေးစစ်ဆေးထိန်းချုပ်ရေးအဖွဲ့ (AQSIQ)ဖြင့် ကန့်သတ်ထားရှိပြီးကိုတာသတ်မှတ်တင်ပို့ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။သတ်မှတ်ကိုတာ ကျော်လွန်ပါက တားဆီးပိတ်ပင်ထားတဲ့ ပစ္စည်းဖြစ်ကြောင်း လည်း သိရှိရပါတယ်။မြန်မာနိုင်ငံမှာစိုက်ပျိုးထွက်ရှိတဲ့ ပြောင်းများကိုတရုတ်နိုင်ငံယူနန်၊ စီချွမ်၊ ကွမ်ကျိုး ပြည်နယ်တို့မှာရှိတဲ့အသေးစားစက်မှု လုပ်ငန်းများမှ မုန့်လုပ်ခြင်းနဲ့ တိရစ္ဆာန်အစားအစာအတွက်ဝယ်ယူအသုံးပြုကြကြောင်းသိရှိရပြီး နှစ်စဉ် အောက် တိုဘာလမှ ဒီဇင်ဘာလအထိ အများဆုံးဝယ်ယူပါ တယ်။ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ပြောင်းဖူးစေ့ တစ်တန်လျှင်ယွမ် ၁၆၀ဝ မှ ယွမ် ၁၈၀ဝအထိ ဈေးရရှိခဲ့ကြောင်းငွေလဲနှုန်းပျမ်းမျှတစ်ယွမ်လျှင် ၁၈၀ ကျပ် နှုန်း အရ ပြောင်းတစ်တန်လျှင်၂၈၈၀ဝ၀ကျပ်မှ၃၂၄၀ဝ၀ ကျပ်နှုန်းဖြစ်ကြောင်းသိရပါတယ်။အစိုဓာတ်၁၃ဒီဂရီမကျော်တဲ့ပိုးမထိုး၊ မှိုမတက်အလုံးကြီးတဲ့ ပြောင်း များ ကိုသာရွေးချယ်ဝယ်ယူကြပါတယ်။ မြန်မာနိုင်ငံတောင်ကြီး- နမ့်ဆန်ဒေသမှထွက်ရှိတဲ့ ပြောင်းအမျိုးအစား များကို ကြိုက်ကြတယ်လို့ သိရပါတယ်။ တရုတ်နိုင် ငံဟာအသေးစားစက်မှုလုပ်ငန်း ပေါများပြီးကုန်ကြမ်းလိုအပ်ချက် လွန်စွာ များပြား ကြောင်းလည်း သိရပါတယ်။တရုတ်နိုင်ငံရဲ့ အိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့မှာ ပြောင်းကိုပြည်တွင်း စားသုံးရန်နဲ့ တိရစ္ဆာန် အစာအတွက်သာစိုက်ပျိုးကြတာကြောင့် တရုတ် နိုင်ငံသို့တင်သွင်းမှု မရှိကြောင်း သိရ ပါတယ်။အမေရိကန်နိုင်ငံမှတရုတ်နိုင်ငံသို့ ၂၀၁၄ ခုနှစ် ခန့်အထိ ပြောင်းများတင်သွင်းခဲ့ပြီးအမေရိကန် ပြောင်းများက မြန်မာနိုင်ငံမှတင်ပို့ တဲ့ ပြောင် များနဲ့ ဈေးနှုန်းကွာခြားမှု မရှိပေမယ့်၊ပိုးမွှားဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်စေရန်မျိုးရိုးဗီဇပြောင်းလဲ ထားကြောင်းစစ်ဆေးတွေ့ရှိရတဲ့ အတွက် စားသုံး ရန်မသင့် လို့ သတ်မှတ်ကာ ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် အမေရိကန် ပြောင်းများတင်သွင်းမှုရပ်ဆိုင်းခဲ့တယ်လို့သိရှိရပါတယ်။ မြန်မာနိုင်ငမှ ပြောင်းများသည်မျိုးရိုးဗီ ဇပြောင်းလဲထားခြင်း မရှိသည့်သဘာဝ ပြောင်းများဖြစ်၍ ဆက်လက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါတယ်။၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ သည် ကမ္ဘာ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဖြစ်သည့်အတွက် တရုတ်နိုင်ငံရဲ့ဒေသဆိုင်ရာတာဝန်ရှိသူများက ဇွန်၂၄ ရက်မှစတင်၍ နယ်စပ်ဝင်/ထွက် ပေါက် များကို စစ် ဆေးမှုများတင်းကျပ်စွာ ပြုလုပ်နေသ ဖြင့် ကျိန်စမ်းကျော့ဝင်/ထွက်ပေါက်မှ ဝင်ရောက် လျက်ရှိသော ပြောင်းဖူးစေ့များသည် တရုတ်နိုင်ငံအတွင်းသို့ တရား ဝင်ဝင်ရောက်ခြင်း မဟုတ်သည့်အတွက်မူးယစ်ဆေးဝါးရှာဖွေရာ တွင် ရောနှော၍ အဖမ်းခံရမည်စိုးသဖြင့်တရုတ်ဝယ်လက်များ လာရောက်မဝယ် ယူခြင်းေ ကြာင့် ကျိန်စမ်းကျော့ဂိတ်မှ ပြောင်းဖူးစေ့အရောင်းအဝယ်ရပ်ဆိုင်းခဲ့ သော်လည်းမော်တောင်း၊ခိုခေး၊ ပိုင်ကျုံး၊ နမ့် တောင်း၊ လုံတန်၊ ကျိန်စမ်းကျော့မှ တရားမဝင် ပြောင်းသယ်ဆောင်တဲ့ကုန်တင်ယာဉ်ကြီးများ နေ့စဉ်နီးပါးသယ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။တရုတ်ကုန်သည်များက မူဆယ်မြို ့နယ် အတွင်းရှိ ရွှေလီမြစ်ကိုရှောင်ကွင်းသွားနိုင်မည့်လမ်းတချို့မှတရုတ်ကားများဖြင့်ဝင်ရောက်ပြီးအရည်အသွေးကောင်းမွန်တဲ့ ပြောင်းများကို ရွေးချယ်၍ လာရောက်ဝယ်ယူလျက်ရှိကြောင်းလက်ရှိပြောင်းပေါက်ဈေးမှာမူဆယ်ဘက်ခြမ်း နေရာရှိ ဂိုဒေါင်များတွင်လာရောက်ဝယ်ယူလျက်ရှိတဲ့ ဈေးနှုန်း မှာ ပြောင်းအမျိုး အစား ကောင်းပါက၅၀ ကီလိုတစ်အိတ်လျှင် ၈၃ယွမ်၊ တစ်တန်လျှင် ၁၆၆၀ ယွမ်ဖြစ် ပြီး ငွေလဲနှုန်း တစ်ယွမ်လျှင် ၁၇၃ ကျပ်နှုန်းအရ ပြောင်းတစ်တန် လျှင်၂၈၇၁၈၀ကျပ် နှုန်းပေါက်ကြောင်းစုံစမ်းသိရှိရပါတယ်။တရုတ်ပြည်တစ်ဝန်းတွင်ဇူလိုင်လဆန်း မှစ၍ရေကြီးရေလျှံခဲ့တဲ့အတွက် ပြောင်းစိုက် ဧရိယာများ ပျက်စီးခြင်း၊နီပါတက်အင်အားပြင်းတိုင်ဖုန်းမုန်တိုင်းကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရာ ပြောင်းစိုက်ဧရိယာများလည်းပါဝင်သွားတယ်လို့သိရှိရ ပါတယ် ။ တရုတ်နိုင်ငံမှာ ပြောင်းဖူးစေ့အသုံးပြု၍မုန့်မျိုးစုံနဲ့တိရစ္ဆာန်အစားအစာများ ထုတ်လုပ်သည့်အသေးစားစက်မှုလုပ်ငန်းများ များပြားလျက်ရှိရာလုပ်ငန်း များ ပုံမှန် လည်ပတ်နိုင်ရးအတွက်ကုန်ကြမ်းများစွာလိုအပ်လျက်ရှိ သဖြင့်ပြောင်းလိုအပ်ချက်ကြီးမားနေကြောင်း၊ မြန်မာနိုင်ငံမှ သြဂုတ်လတွင်စတင်ထွက်ရှိ မယ့် ပြောင်း များ ကိုစောင့်ဆိုင်းလျက်ရှိကြောင်း၊ ယခင် နှစ်ကထွက်ရှိခဲ့တဲ့ မြန်မာ့ပြောင်းများက ခြောက်သွေ့ပြီးအလုံးမလှတော့ခြင်း၊ သိုလှောင်ရုံများတွင် သိုလှောင်ထိန်း သိမ်းမှု အားနည်းသဖြင့်ပိုးထိုးမှိုတက်လာခြင်းများကြောင့် ပြောင်းသစ်ပေါ်ချိန်ကိုဝယ်ယူရန်စောင့်စားလျက်ရှိကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံမှ ပြောင်းစိုကေ် တာင် သူများ အနေဖြင့် ပြောင်းဖူးသစ်ပေါ်ချိန်ရသည့် ဈေးဖြင့်မရောင်းဘဲရသင့်ရထိုက်သော ဈေးနှုန်းများရရှိမှသာ ရောင်းချနိုင်ရေး သက်ဆိုင်ရာပညာရှင် များက ပြောင်းဖူး အရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဖြူးပေးရန်လိုအပ်လျက်ရှိပါတယ်။ တောင်သူများအနေဖြင့် လည်း မျိုးကောင်းမျိုးသန့် အရည်အသွေးကောင်း ပြောင်းမျိုးများ စိုက်ပျိုးထုတ်လုပ်ကြ၍ မူဆယ် နယ်စပ် ဒေသ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ရဲ Face-bookယ Web Page များမှတင်ပြပေးနေသည့် ပြောင်းဈေးနှုန်းများကို ကြည့်ရှုကြစေလိုကြောင်းအကြံပြုတင်ပြလိုက်ရပါသည်။
Page » 1    

Agency Ministry of Foreign Affairs
Category General