ဒေသသုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရာမှ ကယားပြည်နယ်မှ မက်ခါသီးဈေးကွက်ဝင်လာ

မက်ခါသီးကိုကယားပြည်နယ်မှာရိုးရာဟင်းခတ်အမွှေးအကြိုင် အသုံးပြုခဲ့ရာမှ ယခုအခါဧည့်သည်များကအိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ယူကြရာ မှတစ် ဆင့်ဈေး ကွက်ဝင်ပစ္စည်းတစ်ခု ဖြစ်လာတာကို တွေ့ရပါတယ်။ရှေးယခင်ကတည်းက ကယားလူမျိုးတို့ရဲ့ရိုးရာဟင်းလျာတွေထဲမှာမက်ခါသီးဟာ မပါမဖြစ်အသုံးပြု လျက် ရှိနေပါတယ်။မက်ခါသီးလို့ဆိုလိုက်တာနဲ့ ကယားလူမျိုးတို့ရဲ့ ရိုးရာအမှတံဆိပ်တစ်ခုအဖြစ်ယှဉ် တွဲပြီး လူသိများလျက်ရှိပါတယ်။ မက်ခါသီး တစ်ပင်ဟာ ငါးနှစ် မှစပြီးအသီးသီးပါတယ်။မက်ခါသီးတစ်ပင်ကို အသီးတစ်ပြည်ခန့်ရရှိပြီးတစ်နှစ်ပတ်လုံးဆွတ်ခူးရ ရှိပါတယ်။မက်ခါသီးမှာအယဉ်မျိုး နဲ့ အရိုင်းမျိုးဆိုပြီး နှစ်မျိုး ရှိပါတယ်။မက်ခါသီးရဲ့အရသာဟာပူစပ်ပူလောင်ရှတတအရသာရှိပြီး အညှီဟောက်အနံ့ကို နိုင်ပါတယ်။ မက်ခါသီးအယဉ်မျိုးနှင့်အရိုင်းမျိုးရှိသည့်အနက်အရိုင်း မျိုးမှာလျှာအနည်းငယ်ယားတတ်ပါတယ်။မက်ခါသီးအယဉ် နို့ဆီဘူးတစ်ဘူးလျှင် ကျပ် ၁၅၀ဝနဲ့ အရိုင်းမျိုးမှာ နို့ဆီဘူး တစ်ဘူးလျှင် ကျပ် ၁၀ဝ၀ကျပ်ဖြင့် ရောင်း ချ လျက်ရှိပါတယ်။ယခုအချိန်အခါမှာမက်ခါသီးကို ငရုတ်သီးမှုန့်နဲ့ ရောနှော၍ပါကင်ဘူးများအဖြစ်ထုပ်ပိုးကာ ရောင်းချလာတာကို တွေ့ရပါတယ်။ ကယားပြည်နယ် သို့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်များက အိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ယူသွားရာမှအရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါတယ်။

Agency Ministry of Foreign Affairs
Category General