မလေးရှားနိုင်ငံသို့ ပလတ်စတစ်ဖလင်လိပ်များ တင်ပို့

မိမိနိုင်ငံမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို ကုန်ကြမ်း (Raw)  အဖြစ် တင်ပို့မည့်အစား တန်ဖိုး မြှင့်ထုတ်ကုန်  (Value Added) ပြုလုပ်ပြီး ကုန် ချောအဖြစ်တင်ပို့ရောင်းချနိုင်မည်ဆိုပါက ပိုမိုအကျိုးရှိသည့်အတွက်
 တန်ဖိုး မြှင့်ထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။  ထိုသို့ကုန်ကြမ်းပစ္စည်းများမှ ကုန်ချောအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သည့် လုပ်ငန်းများကို များသောအားဖြင
့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ(Small and Medium Enterprises-SMEs) မှ ထုတ်လုပ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် နှမ်းကို နှမ်းအခွံချွတ်၊ နှမ်းလှော်မှုန့်၊ နှမ်းလှော်ဆီမွှေး အဖြစ်လည်းကောင်း၊ ခဲသတ္တုကုန်ကြမ်းများကို ခဲပလိတ် ပြားများ အဖြစ်လည်းကောင်း၊ အလူမီနီ ယမ်နှင့် သံကုန်ကြမ်းများ
အား အဆောက်အဦ လှေကားများ၊ ဆင်ဝင်အမိုးများ အဖြစ်လည်း ကောင်း၊ ရော်ဘာအား မော်တော်ဆိုင်ကယ် တာယာအဖြစ်လည်းကောင်း၊ သစ် တောထွက် ပစ္စည်းများအား ပရိဘောဂ ပစ္စည်းများအဖြစ်
လည်းကောင်း အစရှိသဖြင့် တင်ပို့ရောင်းချနိုင်ပြီ ဖြစ်ပါတယ်။
ယခုလည်း လှိုင်သာယာစက်မှုမြို့တော် ရှိEurope & Asia Inter-national Co.,Ltd.. ရဲ့ ပလတ်စတစ်စက်ရုံမှ ထုတ်လုပ်ထွက်ရှိသော Plastic Film  များအား တစ်ကီလိုဂရမ်လျှင်
အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀  ဖြင့် အမေရိကန် ဒေါ်လာ ၈၉၄၄၈ ဒသမ ၃၂ တန်ဖိုးရှိ ပလတ်စတစ် အလိပ် ၆၈၈၀၆ ဒသမ ၄၀ ကီလိုဂရမ်ကိုမလေး ရှားနိုင်ငံရှိထုပ်ပိုးစက်ရုံသို့ အမယ်သစ်ပို့ကုန်
Value Added  အဖြစ်  တင်ပို့ တော့မှာဖြစ်ပါတယ်။
သို့ဖြစ်၍SMEs  လုပ်ငန်းများရဲ့  ထုတ်လုပ်မှု ထုတ်ကုန်အရည် အသွေး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက  ပြည်တွင်းဈေးကွက် အတွက်သာမက  ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်း
ဆောင် ရွက်နိုင်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။           
 

Agency Ministry of Foreign Affairs
Category General