ဘိလပ်မြေဈေးကွက် ဈေးငြိမ်ပြီး အရောင်းအဝယ်အေး

ဇူလိုင် ၃ ရက်မှ ၉ ရက် သီတင်းပတ်မှာ ပြည်တွင်းကို  ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၃၉၄၁၆ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေအဝင် မှာ ၃၃၆၅၁တန် ကျော်ရှိခဲ့တာကြောင့်
ဒီတစ်ပတ်မှာ တန်ချိန် ၅၇၀ဝ ကျော် အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၁၃၃၃၀ တန်ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၈၀၉၄ ကျော်ရှိခဲ့တာကြောင့်
ဒီတစ်ပတ် မှာ ၁၄၇၆၀ တန်ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေ လမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအေးသလို ဈေးလည်းငြိမ်နေတယ် လို့သိရပါတယ်။ ဈေးကွက်ထဲ  ဆင်ဘိလပ်မြေက အသုံး နည်းနေတာကြောင့် အရောင်းက ပိုပါးတယ်။
 စိန်ဘိလပ်မြေကို ကြိုက်ကြတာမို့ သူကအဝယ်နည်းနည်း လိုက်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးမှာ ဆင်၅၂၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၈၅၀ ကျပ်နဲ့ စိန်(ထိုင်း)၅၁၇၅
  ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ် လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။
တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးတယ်လို့  သိရပါ တယ်။ ဈေးကွက်ထဲ ပြည်တွင်းဖြစ်  ဘိလပ်မြေများနဲ့ ထိုင်းဘိလပ်မြေများက ဈေး အေးနေသလို အရောင်းအဝယ်လည်း အေးနေ
တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ  စိန် ၇၅၀ဝ ကျပ်၊ ဆင် ၇၅၀ဝကျပ်၊ အေသုံးလုံး ၅၂၀ဝ ကျပ်၊ အပါချီ ၄၉၀ဝကျပ်၊ ကမ္ဘောဇ ၄၈၀ဝ ကျပ်၊နဂါး ၅၂၀ဝကျပ်နဲ့ အရောင်း
အဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ် ရေးဆိုင်မှ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိပေမယ့် ဆင်နဲ့ စိန်က ဈေးငြိမ်နေပြီး ကြံ့နှစ်ကောင်(နီ)နဲ့ (အစိမ်း)က ဈေးကျလာတယ်လို့ သိရ ပါတယ်။ မိုးရွာနေပေမယ့်လည်း အရောင်းအဝယ်
က ပုံမှန်ရှိနေပါတယ်။ ယခင်က ဒီလိုအချိန်ဆို အရောင်းက ပါးလာတယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေတဲ့ အထိုင်ဈေးမှာ
 ဆင် ၅၆၀ဝ ကျပ်၊ စိန် ၅၅၀ဝ ကျပ်၊ ကြံ့နှစ်ကောင် (နီ) ၄၈၀ဝ ကျပ်၊ ကြံ့နှစ်ကောင် (စိမ်း) ၄၅၀ဝ ကျပ်နဲ့   အရောင်းအဝယ်ဖြစ်တယ်လို့  ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
 

Agency Ministry of Foreign Affairs
Category General