ကသာခရိုင်ထွက် နာနတ်သီးများကို မန္တလေးဈေးကွက်သို့ အများဆုံး တင်ပို့

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်မှာ   နာနတ်သီးစိုက်ဧက  လေး ထောင်ကျော် စိုက်ပျိုးပါတယ်။  မိုးဦးကျ ဇူလိုင်လမှ  စက်တင်ဘာလများမှာ   ရင့် မှည့်ပြီး  ခူးဆွတ်ရောင်းချပါတယ်။  ကသာခရိုင်အတွင်း
  ကသာ၊ ကော လင်း၊  အင်းတော်၊   ထီးချိုင့်မြို့နယ်များ မှာ  အများအပြား   စိုက်ပျိုးထွက်ရှိပြီး ဒေသတွင်းဈေးတန်းမှာ ရောင်းချမှုများ ရှိသလို  မန္တလေး ၊ မုံရွာ၊ ရွှေဘို၊ ရန်ကုန် ဈေးကွက်များကိုလည်း    
တင်ပို့နေပါ တယ်။   မန္တလေးဈေးကွက်သို့  အများ ဆုံးတင်ပို့တယ်လို့  ဈေးကွက်သတင်း အရ သိရပါတယ်။
ကသာခရိုင်ထွက်   နာနတ်သီးမှာ  အလုံးလှ  အရသာကောင်းမွန်ပြီး  လူ ကြိုက်များပါတယ်။ ဈေးကွက်ဝေး ကွာ ပေမယ့်  ဒေသတွင်း  ကုန်ထုတ် လမ်းများ ကောင်းမွန်လို့ သီးနှံများ  လေလွင့် ပျက်စီးမှုနည်း
ပါးပြီး ဝယ်လိုအား ကောင်းနေတာတွေ့ရပါတယ်။ ဒေသတွင်းဈေးကွက်မှာအရွယ်အစားပေါ် မူတည်ပြီး တစ်လုံး ၅၀ဝ ကျပ်မှ  ၇၀ဝ ကျပ် အထိ ရှိပါတယ်။  နာနတ်ခင်း တစ်ဧကအပင် ရှစ်ထောင်ကျော်  
စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်  ငါးသိန်း ဝန်းကျင် ရှိပါတယ်။ တစ်ဧက  အလုံးသန့်  ငါးထောင်ကျော်ရပြီး  သိန်းနှစ် ဆယ်ကျော်  အကျိုးအမြတ်ရှိပါတယ်။ နာနတ်သီးပေါ်ချိန်က  မိုးစပါး စိုက် ပျိုးချိန်ဖြစ်လို့  
 စိုက်ပျိုး စရိတ်အတွက်   အထောက်အကူဖြစ်စေတယ်လို့   နာနတ်သီးစိုက် တောင်သူများထံမှ သိရပါတယ်။  
    ကြည်နိုင်ဦး- အင်းတော်
 

Agency Ministry of Foreign Affairs
Category General