ပြည်ပဲနီပြား ဈေးပိုလာသော်လည်း နှစ်ဆန်းပိုင်းဈေးကိုမမီခဲ့

ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံဟာ လက်လီသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုကာလများတွင် ပဲဝင်ရောက်မှု မရှိတော့ဘဲ ပဲလက်ကျန်အချို့နဲ့ ဒေသတွင်းဝယ်လက်များ အရောင်းအဝယ်ဖြစ်နေခဲ့တာကို
တွေ့ရပါတယ်။
ပဲဈေးနှုန်းမှာ ယခုဒုတိယပတ်အတွင်း တစ်တင်း ၂၅၅၀ဝကျပ်ခန့်ဖြင့် အခြား လက်လီအရောင်းအဝယ်ဖြစ်သော ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ ဘိုကိတ်ပဲများနှင့်ယှဉ်လျှင် ဈေးပိုရနေတယ်လို့ သိရပြီး နှစ်ဆန်းပိုင်း
က အရောင်းအဝယ်ဖြစ် ခဲ့သော ပဲဈေးနှုန်းကို မမီခဲ့ဘူးလို့ သိရပါတယ်။
နှစ်ဆန်းပိုင်းကတော့ ပဲနီပြားသီးနှံဈေးမှာ တစ်တင်း ၃၅၀ဝ၀ကျပ်ခန့် ရရှိခဲ့ကြောင်း သိရပါတယ်။ ယင်းကာလ တွင် ပဲဈေးကွက်ရဲ့ လက်လီပဲများအနက် စားတော်ပဲသီးနှံပြီးလျှင် ဒုတိယဈေးအမြင့်ဆုံးရနေတဲ့
 ပဲဖြစ်ခဲ့ပါတယ်။        
ခင်ဆွေဝင်

Agency Ministry of Foreign Affairs
Category General