မိုးအေးသလို အရောင်းအဝယ်ပါအေးတဲ့ဆန်ဈေးကွက်

ရန်ကုန်မြို့  ဆန်စပါးဈေးကွက် မှာ ဝါးတန်းကုန်စည်ဒိုင်ရဲ့   ဇူလိုင် ၁၄ ရက်  ဆန်လက်ကားဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်းဆန်  တစ်အိတ် ထိပ်စ ကျပ် ၃၅၀ဝ၀၊ လတ်စတစ်အိတ် ကျပ် ၃၂၅၀ဝ၊   
 မြောင်းမြပေါ်ဆန်းဆန်တစ် အိတ်ထိပ်စ ကျပ် ၃၆၅၀ဝ၊ လတ်စတစ် အိတ် ကျပ် ၃၄၅၀ဝ၊ နယ်စုံပေါ်ဆန်း ဆန်တစ်အိတ်   ထိပ်စ ကျပ် ၃၄၀ဝ၀၊ လတ်စတစ်အိတ်  ကျပ် ၃၂၅၀ဝ နဲ့ဈေး ငြိမ်နေပါတယ်။
ဆန်ဈေးကွက်ငြိမ်နေ ပြီး    အရောင်းအဝယ်လည်း   ပုံမှန် အတိုင်းပဲရှိနေတယ်လို့ သိရပါတယ်။ အဝင်မများသလို အဝယ်လည်းမသွက် ဘူးလို့ ဝါးတန်းကုန်စည်ဒိုင်မှ သိရပါတယ်။
ဧည့်မထဆန်ဈေးမှာ ထိပ်စ တစ် အိတ် ကျပ် ၂၃၀ဝ၀၊ လတ်စတစ်အိတ် ကျပ် ၂၁၅၀ဝဖြစ်လို့ တစ်အိတ် ကျပ် ၅၀ဝ ဈေးကျလာပါတယ်။ နွေသီးထပ် (ရှယ်) တစ်အိတ်ကျပ် ၁၉၀ဝ၀ မှ ကျပ် ၁၉၈၀ဝ၊  မနော
သုခ ဆန်တစ်အိတ် ကျပ် ၂၆၀ဝ၀ မှ ကျပ် ၂၇၀ဝ၀ နဲ့ဈေး ငြိမ်နေပြီး၊   နွေဆန်ရက် ၉၀ ကတော့ တစ်အိတ်ကျပ် ၂၁၀ဝ၀၊ ကျပ် ၂၂၀ဝ၀ ဖြစ်လို့ တစ်အိတ်   ကျပ် ၅၀ဝ ဈေးတက် လာပါတယ်။ ပြည်ပပို့တဲ့
ဧည့်မထဆန် ၂၅ မှတ်ကတော့   တစ်အိတ်ကို  ကျပ် ၁၇၅၀ဝ မှ ကျပ် ၁၇၇၀ဝ ဖြစ်တဲ့အတွက် တစ်အိတ်ကျပ် ၅၀ဝ ဈေးတက်လာ တယ်လို့ ဝါးတန်းကုန်စည်ဒိုင်မှ သိရှိရ ပါတယ်။
မူဆယ်ဆန်ဈေးကွက်မှာ  ဇူလိုင် ၁၅ ရက်ဈေးနှုန်းအရ ဧည့်မထဆန် ၅ မှတ်   မှော်ဘီတစ်အိတ်  ၁၄၃ မှ ၁၄၆ ယွမ်နဲ့ စူပါတစ်အိတ် ၁၄၆ မှ ၁၄၉ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ် ၁၃၈ မှ ၁၄၁ ယွမ်
နဲ့ စူပါတစ်အိတ် ၁၄၄ မှ ၁၄၅ ယွမ်၊ မနောသုခ ၂၅မှတ် တစ်အိတ် ၁၃၀ မှ ၁၃၄ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ်၁၄၅ မှ ၁၄၇ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၄၀ မှ ၁၄၃ ယွမ်၊ ငစိန် ၂၅ မှတ်တစ်အိတ် ၁၃၆
 မှ ၁၃၈ ယွမ်နဲ့ ယခင်တစ်ပတ်အတိုင်း  ဈေးငြိမ် နေပါတယ်။
ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ မူဆယ်ကုန်စည်ဒိုင်သို့နယ်စုံမှ  နေ့စဉ် ပြည်တွင်းဆန်   ပျမ်းမျှအဝင်တန်ချိန် ၆၂၀ ခန့်ရှိပြီး၊   ရက်သတ္တပတ်အတွင်း တန်ချိန် ၄၃၄၀ ခန့်  အဝင်ရှိပါတယ်။ ယခင်တစ်ပတ်ထက်  ထက်ဝက်ကျော် အဝင်  လျော့ကျခဲ့ပါတယ်။   မိုးရွာပြီး မြစ်ရေကြီးတာနဲ့ ရာသီဥတုမကောင်းတဲ့ အတွက် သယ်ယူပို့ဆောင်မှုခက်ခဲနေလို့ အဝင်လျော့ကျသွားတယ်။ ကုန်အဝင် နည်းသလို ကုန်သည်လည်းဝင်ရောက်မှု နည်းတယ်လို့  မူဆယ်ဆန်ဈေးကွက်မှ သိရှိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ငွေလဲ နှုန်းအရ တစ်ယွမ်ကို ၁၇၄ ဒသမ ၂၁ ကျပ် ဈေးပိတ်တယ်လို့ သိရှိရပါတယ်။
ယဉ်ယဉ်အေး-

Agency Ministry of Foreign Affairs
Category General