စစ်တွေကုန်သွယ်ရေးစခန်းမှ သစ်ခေါက်၊ မန်ကျည်းစေ့ နှင့် ငါးနီတူခြောက်တို့ တင်ပို့

မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်ဖြစ်တဲ့ စစ်တွေကုန်သွယ်ရေး စခန်းမှ ဇူလိုင်လ ပထမပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀၂သန်းတန်ဖိုးရှိ သစ်ခေါက် ၅တန်၊ အမေရိကန်ဒေါ်လ ာ သုည ဒသမ
ဝ၀၄သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၇၅ တန် တို့အပြင် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၃သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂တန်၊ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၁၄သန်းတန်ဖိုးရှိ ဇီးယို ထုပ် ၄၃တန်နဲ့
အမေရိ ကန် သုညဒသမ ဝ၀၂သန်းတန်ဖိုးရှိ ပဲကြီး ၂တန်တို့ကို တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်ကထက် မန်ကျည်းစေ့၂၆တန်နဲ့ ဇီးယိုထုပ် ၃၈တန် ပိုမို တင်ပို့နိုင်သော်လည်း ဇီးဖတ်နဲ့ ဂျင်းစိုကို ယခု တစ်ပတ်မှာ တင်ပို့နိုင်ခြင်းမရှိဘူးလို့ စစ်တွေကုန်သွယ်ရေးစခန်းမှ သိရပါတယ်။    
                                     

Agency Ministry of Foreign Affairs
Category General