မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက်တက်ရိပ်ပြ

ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက် တက်ရိပ်ပြနေပြီး ယခင်တစ်ပတ်က တစ်ပိဿာ ၂၃၇၅ ကျပ်ရှိခဲ့ ရာက ယခုတစ်ပတ်မှာ တစ်ပိဿာ ၂၃၉၀ကျပ် (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်)နဲ့
ဈေးနဲ့အဝယ်ဖွင့်ပြီး  တစ်ပတ် အတွင်း အိတ် ၈၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ နှမ်းမျိုးစုံ အနေနဲ့ နှမ်းနက် စမုံနဲ့ နှမ်းဖြူဈေးအနည်းငယ် တက်ခဲ့ပြီး နှမ်းနီ ဈေးအနည်းငယ်ကျခဲ့ပါတယ်။
ယခုတစ်ပတ်မှာ နှမ်းဖြူဈေး တစ်ပိဿာ ၂၀၉၀ ကျပ်၊ နှမ်းနီ တစ်ပိဿာ ၁၉၁၀ ကျပ်၊ နှမ်းနက် စမုံ တစ်ပိဿာ ၃၄၂၀ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိခဲ့ပြီး တစ်ပတ် အတွင်း နှမ်းမျိုးစုံ အိတ် ၇၃၀ဝ ခန့် အရောင်း
အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General