မြစ်ကြီးနား ဒညင်းသီးများကို ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့သို့တင်ပို့

မြစ်ကြီးနားဒေသမှထွက်ရှိတဲ့ ဒညင်းသီးများကို ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့သို့  တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာ ဒညင်းသီးပွဲရုံများကို ဖွင့်လှစ်လျက်ရှိရာ ရန်ကုန်မှ ပွဲရုံတစ်ရုံ၊ ပဲခူးမ
ှ ပွဲရုံတစ်ရုံ၊ မန္တလေးမှ ပွဲရုံလေးရုံ လာရောက်ဖွင့်လှစ်ကာ မြစ်ကြီးနားဒညင်းသီးများကို ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် ဒညင်းသီးအခွံနွှာပြီးစီးမှုအပေါ်  မူတည်၍ ရထားနဲ့သာမက ၁၀ဘီး၊ ၁၂ဘီးကားတို့နဲ့လည်း ရန်ကုန်၊ မန္တလေးရှိ ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ရထားနဲ့တင်ပို့ပါက တစ်ကြိမ်
လျှင် ပိဿာ ၆၀ ဝင် အိတ် ၅၀ တင်ပို့ရပြီး၊ ကားဖြင့်တင်ပို့ပါက တစ်ကြိမ်လျှင် ပိဿာ ၆၀ ဝင် အိတ်တစ်ရာခန့်  တင်ပို့ရကြောင်း၊ နှစ်ရက်ခြား ဒါမှမဟုတ် သုံးရက်ခြားတစ်ခါ တင်ပို့ရကြောင်း မြတ်ပွဲရုံပိုင်ရှင်
 ဦးဝင်းမင်းက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ဒညင်းသီးပွဲရုံများ  လာရောက်ဖွင့်လှစ်တဲ့အတွက် ဒေသခံပြည်သူများအတွက်  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ပါတယ်။ ဒညင်းသီး တစ်လုံးလျှင် အခွံနွှာခအဖြစ် ပြား၇၀ ပေးရပြီး၊
 အလုပ်သမားတစ်ဦးလျှင် တစ်နေ့ ဒညင်းသီးအလုံး ၁၀ဝ၀ဝ ခန့် အခွံနွှာပြီးလို့ တစ်ယောက်ကို တစ်နေ့ကျပ် ခုနစ်ထောင်ခန့်ရရှိကြောင်း သိရပါ တယ်။  အခုလို ရာသီစာသီးနှံပေါ်ချိန်မှာ ဒေသအတွင်း ပွဲရုံ၊
အလုပ်ရုံများ လာရောက်ဖွင့်လှစ်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေမှာ ဖြစ်ပါတယ်။                                                                                   
 

Agency Ministry of Foreign Affairs
Category General