ဖျာပုံမြို့နယ်တွင် ငါးရှဉ့်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေ

ဖျာပုံမြို့နယ် ငါးရှဉ့်အရောင်းအဝယ်ဒိုင်များမှာ ယခု ဇူလိုင်လဆန်း ပိုင်းအတွင်း ရန်ကုန်မြို့မှ ငါးရှဉ့်ဝယ်လက်များ အဝယ်လိုက်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ငါးရှဉ့်ဈေးကွက်မှ သိရပါတယ်။
''အခုတလော ငါးရှဉ့်အဝယ်လိုက်တယ်ဆိုတာ ငါးရှဉ့်တွေမှာနာတဲ့ ရောဂါဖြစ်နေလို့ပါ။ အထားမခံဘူး။ သေကုန်တာများတယ်။ သေကုန်တဲ့ ငါးရှဉ့်က ဈေးကွက်ကို ပို့လို့မရဘူး။  ဒါကြောင့် ရန်ကုန်ဈေးကွက်မှာ
အဝယ်နည်းလာပြီး နယ်ဖက်တွေမှာ အဝယ်လိုက်လာတဲ့ သဘောပါ။ ရန်ကုန်ဈေးကွက်က တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့ကြပါတယ်။ ကျွန်တော်ကတော့ လှိုင်သာယာအဝယ်ဒိုင်ကိုပဲ ပို့ပါတယ်။ ဈေးနှုန်း
အနေနဲ့ကတော့ မနှစ်ကတစ်ပိဿာကို အရွယ်အစားအလိုက် ၃၈၀ဝကျပ်ကနေ ၄၀ဝ၀ကျပ်အထိရှိပြီး ယခုလက်ရှိပေါက်ဈေ းမှာ အရွယ်အစား မခွဲခြားဘဲ ဆိုဒ်စုံ ၄၂၀ဝကျပ်နဲ့ ဝယ်ပါတယ်''ဟု ကမ္ဘာသစ်
 ငါးရှဉ့်ရောင်းဝယ်ရေးမှ လုပ်ငန်းရှင်ဦးကျော်မိုးက ပြောပါတယ်။
ဖျာပုံမြို့နယ်တွင် ငါးရှဉ့်ရောင်းဝယ်ရေး အဝယ်ဒိုင်ကြီး ခုနစ်ဒိုင်ရှိပြီး လက်ခွဲဒိုင် ရှစ်ဒိုင်ရှိပါတယ်။ ငါးရှဉ့် အဝယ်ဒိုင်တစ်ဒိုင်လျှင် နေ့စဉ် ပိဿာ ချိန် ၂၀ဝခန့်တင်ပို့နိုင်ပြီး ဖျာပုံမြို့နယ်အနေဖြင့် နေ့စဉ်ပိဿာချိန်
၁၄၀ဝ ခန့် တင်ပို့လျက်ရှိပါတယ်။ ငါးလင်ဗန်းနဲ့ ငါးသန်လုံးများပါ ဝယ်ယူတင်ပို့ လျက် ရှိပါတယ်။ ငါးလင်ဗန်းနဲ့ ငါးသန်လုံးတို့မှာ ရေထရက်တွင်သာ ရရှိ ပြီး  တစ်ပတ်လျှင် နှစ်မျိုးပေါင်း ပိဿာချိန် ၅၀ခန့်သာ
 တင်ပို့နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ငါးလင်ဗန်းတစ်ပိဿာလျှင် တစ်ဆယ့်ငါးကျပ် သားအထက် ၂၉၀ဝ၀ကျပ်၊ တစ်ဆယ့်ငါးကျပ်သားအောက် ၁၄၀ဝ၀ကျပ် ဈေးဖြစ်ပြီး ငါးသန်လုံး တစ်ပိဿာလျှင်
၃၀ဝ၀ဝကျပ်နှင့် တစ်ဆယ့်ငါး ကျပ်သားအောက် ၁၅၀ဝ၀ကျပ် ဈေး ဖြစ်ပါတယ်။ ငါးရှဉ့် လှိုင်လှိုင်တက် သော လများမှာ ဇွန်လမှ  သြဂုတ်လအထိဖြစ်ပြီး  လာရောက် ရောင်း ချကြသည့် ကျေးရွာများမှာ
 နယ်စုံကဖြစ်၍ ဖျာပုံမြို့နယ် မြောက်ပိုင်းရှိ ချောင်းတွင်း၊ သလိပ်ကလေး၊ သလိပ်ကြီး၊ ကျုံတာ၊ ရှမ်းကွင်း ကျေးရွာ တို့ဖြစ်ပြီး၊ ဖျာပုံမြို့အနောက်ပိုင်းမှ အပြောင်၊ ကျုံကူ၊ အကြီးဝ၊ အကြီး၊ ကရင်စု၊ ဖျာပုံတမံ၊
သဲအိမ်တမံ၊ ပုလဲ၊ မမိုး၊ နောင်တော်ကြီး၊ ဘန့်ဘွေးစုနှင့် ကိုးအိမ်တန်းကျေးရွာများမှ အများဆုံး လာရောက်ရောင်းချလျက် ရှိပါတယ်။ ကျေးရွာတစ်ရွာလျှင် ငါးရှဉ့်ထောင်သူ အနည်းဆုံး ခုနစ်ဦး အထက်တွင်
ရှိကြောင်း သိရပါတယ်။
                                       
မင်းဇော်မွန် (ဖျာပုံ)

Agency Ministry of Foreign Affairs
Category General