မြန်မာ-အိန္ဒိယနယ်စပ်မှ ကွမ်းသီး တန်ချိန်၁၀ဝ၀နီးပါး ပိုမိုတင်ပို့

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ တမူးနဲ့ ရိဒ်ကုန်သွယ်ရေး စခန်း တို့မှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ဇူလိုင်ပထမပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ဒသမ ၈၂၇သန်းတန်ဖိုးရှိ ကွမ်းသီး ၁၈၃၉ တန်ကို တင်ပို့ ခဲ့ပါတယ်။
 ယခင်တစ်ပတ်က အဆိုပါ ကုန်သွယ် ရေးစခန်းနှစ်ခုမှ ၈၄၇တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉၉၂ တန် ပိုမို တင်ပို့ခဲ့ပါတယ်။
ကွမ်းသီးကို တမူးကုန်သွယ်ရေးစခန်းမှ ၁၃၉၅တန်နဲ့ ရိဒ် ကုန်သွယ်ရေးစခန်းမှ ၄၄၄တန် အသီးသီးတင်ပို့ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ တစ်လလုံးမှာလည်း တမူးကုန်သွယ်ရေးစခန်းမှ ၃၅၅၉တန်နဲ့ ရိဒ် ကုန်သွယ်ရေး
စခန်းမှ ၁၈၄၅တန် တင်ပို့ ခဲ့တယ်လို့ ကုန်သွယ်ရေး စခန်းများမှ သိရပါတယ်။
ယခင်သီတင်းပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီး အပြင် စီးကရက်၊ ငရုတ်ကောင်း၊ ရိဒ်ကုန်သွယ်ရေး စခန်းမှ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်၊ စီးကရက်တို့ကိုလည်း တင်ပို့ခဲ့တယ်လို့ သတင်းရ ရှိပါတယ်။    
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General