ဒေသသုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရာမှ ကယားပြည်နယ်မှ မက်ခါသီးဈေးကွက်ဝင်လာ

မက်ခါသီးကို  ကယားပြည်နယ် မှာ ရိုးရာ ဟင်းခတ် အမွှေးအကြိုင် အသုံးပြုခဲ့ရာမှ  ယခုအခါ  ဧည့်သည် များက  အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူကြရာမှတစ်ဆင့်  ဈေးကွက် ဝင်ပစ္စည်းတစ်ခု    ဖြစ်လာ
တာကို တွေ့ရပါတယ်။
ရှေးယခင်ကတည်းက  ကယား လူမျိုးတို့ရဲ့  ရိုးရာဟင်းလျာတွေထဲမှာ  မက်ခါသီးဟာ  မပါမဖြစ်  အသုံးပြု လျက်ရှိနေပါတယ်။  မက်ခါသီးလို့ ဆို လိုက်တာနဲ့  ကယားလူမျိုးတို့ရဲ့ ရိုးရာ အမှတ်  တံဆိပ်တစ်ခု
အဖြစ်ယှဉ်တွဲပြီး လူသိများလျက်ရှိပါတယ်။ မက်ခါသီး တစ်ပင်ဟာ ငါးနှစ်မှစပြီး   အသီးသီးပါ တယ်။  မက်ခါသီးတစ်ပင်ကို  အသီး တစ်ပြည်ခန့်ရရှိပြီး  တစ်နှစ်ပတ်လုံး ဆွတ်ခူးရ ရှိပါတယ်။  မက်ခါသီးမှာ
အယဉ်မျိုးနဲ့ အရိုင်းမျိုးဆိုပြီး  နှစ်မျိုး ရှိပါတယ်။  မက်ခါသီးရဲ့  အရသာဟာ ပူစပ်ပူလောင်  ရှတတအရသာရှိပြီး အညှီဟောက်   အနံ့ကို  နိုင်ပါတယ်။ မက်ခါသီးအယဉ်မျိုးနှင့် အရိုင်းမျိုးရှိ သည့်အနက်
 အရိုင်းမျိုးမှာ လျှာအနည်း ငယ်ယားတတ်ပါတယ်။   မက်ခါသီး အယဉ်   နို့ဆီဘူးတစ်ဘူးလျှင်  ကျပ် ၁၅၀ဝ နဲ့ အရိုင်းမျိုးမှာ  နို့ဆီဘူး တစ် ဘူးလျှင်  ကျပ် ၁၀ဝ၀ ကျပ်ဖြင့် ရောင်း ချလျက်ရှိပါတယ်။  
ယခုအချိန်အခါမှာ မက်ခါ သီးကို ငရုတ်သီးမှုန့်နဲ့ ရောနှော ၍ ပါကင်ဘူးများအဖြစ်  ထုပ်ပိုးကာ ရောင်းချလာတာကို   တွေ့ရပါတယ်။ ကယားပြည်နယ်သို့ လာရောက်လည် ပတ်ကြတဲ့ ခရီးသွားဧည့်သည်များ
က အိမ်ပြန်လက်ဆောင်အဖြစ်   ဝယ်ယူ သွားရာမှ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါတယ်။
ဗညားထက်(Myan Trade )

Agency Ministry of Foreign Affairs
Category General