မြဝတီနဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ရေထွက်ပိုမိုတင်ပို့

မြန်မာ- ထိုင်း နယ်စပ်ဖြစ်တဲ့ မြဝတီနဲ့ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ ဇွန် ၂၅ မှ ဇူလိုင် ၁ ရက်အတွင်း  အမေရိကန်ဒေါ်လာ  သုညဒသမ ၅၅၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၅၀ဝ ကျော်ကို တင်ပို့ခဲ့ပါ
တယ်။ယခင် တစ်ပတ်ကထက်  မြဝတီရော  ကော့သောင်း  ကုန်သွယ်ရေး စခန်းကပါ ရေထွက်ကုန်  တန် ၁၀ဝ ကျော် ပိုမို  တင်ပို့ခဲ့ပါတယ်။   ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်မှ ငါးမျိုးစုံ တန် ၆၀
ကျော်နဲ့  ကဏန်း တန် ၂၀ ကျော်၊  ကော့သောင်းကုန်သွယ်ရေးစခန်းမှ   ငါးမျိုးစုံ တန်၄၀ဝ ကျော်၊ ကင်းမွန် ၁၅ တန်ကျော်၊  ပုစွန်နှစ်တန်ကျော်  ကဏန်း  တစ်တန်ကျော်နဲ့ အခြားရေထွက်ကုန် ၁၈ တန်
ကျော်  အသီးသီး တင်ပို့ခဲ့တယ်လို့ ကုန်သွယ် ရေးစခန်းများမှ သိရပါတယ် ။                                         
         ခင်မိုးသူ
 

Agency Ministry of Foreign Affairs
Category General