ရှမ်းမြောက်ဒေသထွက် နာနတ်သီးများတစ်ပိုင်တစ်နိုင်စိုက်ပျိုးတင်ပို့ရေးမှသည် တိုးချဲ့စိုက်ပျိုးတင်ပို့ရေးဆီသို့

မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံ သို့   ဇွန်လဆန်းမှစ၍   နာနတ်သီးများ နေ့စဉ်ကားစီးရေသုံးစီးမှ  ၁၂  စီးအထိ  တင်ပို့လျက်ရှိကြောင်း၊   ဇွန်လအတွင်း နာနတ်သီး  ၂၂၄၃ ဒသမ ၅၀  တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ
၂၁၀  သန်း တင်ပို့ထားပြီး ၎င်းင်းနာနတ်သီးများသည် ရှမ်းပြည် နယ်(မြောက်ပိုင်း)ဒေသဖြစ်သည့်    ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှထွက်ရှိသည့် အသီးများဖြစ်ကြောင်း သိရှိရပါသည်။
ရှမ်းမြောက်ဒေသဖြစ် သည့် သီပေါမြို့နယ် ၊ ကုန်းသာကျေးရွာ နှင့် စဉ့်အင်ကျေးရွာတို့တွင် နာနတ်သီးများကို တစ်ပိုင်တစ်နိုင် စိုက် ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင်  နာနတ်အပင်ပေါက်နှင့် နာနတ်မျိုး ခေါင်း
များအား တစ်ပေခွာ၍ တန်းစီပြီး စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်ခွဲ နှစ်နှစ်အတွင်း အသီးသီးပြီး အသီးများ ရင့်လာပါက ခူးရကြောင်း၊ တစ်နှစ်သီးပြီးသားအပင်များကို ပေါင်းသင် မြေဆီ၊ မြေနှစ်
ထည့်ပြီး တစ်နှစ်တစ်သီးကျဖြင့် သက်တမ်း လေးနှစ် ၊ ငါးနှစ် လောက်သာထားပြီး   စိုက်ခင်းကို   အသစ်ပြန်လည်စိုက်ပျိုးကြ  ကြောင်း၊ နာနတ်သီးပင်  တစ်ဧက   စိုက်ပျိုးပါက အသီး လုံးရေ  ၂၅၀ဝ မှ  ၃၀ဝ၀ အထိ ထွက်ရှိကြောင်းနှင့် သီးညှပ်၊ နေလောင်သီး၊ ပျက်စီးသီးများ ပယ်လိုက်ပါက အသီးကောင်း အလုံး ၂၀ဝ၀ ခန့် ကျန်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်၊ လုပ်အားခ
ငွေများ ၊ သယ်ယူစရိတ် ကုန်ကျငွေများ ရှင်းလင်းပြီးပါက ဝင်ငွေနှစ်သိန်းကျပ်မှ နှစ်သိန်းခွဲ ကျပ်အထိရရှိကြောင်း၊ နာနတ်သီး ရာသီမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့ ဖြစ်ကြောင်း၊ တချို့ဒေသများတွင် သီးညှပ်
သီးနှံအဖြစ်   စိုက်ပျိုး ကြကြောင်း ၊ ရော်ဘာ၊ ကွမ်းသီးဥယျာဉ်ခြံများတွင်   ကြားညှပ်စိုက်ပျိုး သည့်သီးနှံဖြစ်ကြောင်း စိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရှိရ ပါသည်။
နာနတ်သီးသည် လိုင်စင်မလိုသည့် ပို့ကုန်ပစ္စည်းဖြစ်သည့် အတွက် ပို့ကုန်  အခွန်နှစ်ရာခိုင်နှုန်း   ပေးဆောင်ပြီး တစ်ဖက်နိုင်ငံသို့  တင်ပို့နိုင်ကြောင်း၊ ပို့ကုန်ဈေး တစ်ကီလိုလျှင် ၁၁၀ ကျပ်ရှိပြီး ၊ တစ်ပိုင်
တစ်နိုင်စိုက်ပျိုးကြသည့် သီပေါ- ကုန်သာ ကျေးရွာနှင့် စဉ့်အင်ရွာ ထွက် နာနတ်သီးများကို စိုက်ပျိုးသည့် ခြံပိုင်ရှင်များကိုယ်တိုင် ူငါ့အ ွှမကခု ကားများဖြင့်  အလုံးရေ   ၄၀ဝ  မှ ၅၅၀ ခန့်ထိ တင်ဆောင်ပြီး
မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာရာK2O ကုမ္ပဏီ မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံထွက်  နာနတ်သီးများအား အခွန် ဆောင်ပေးပြီး ကျယ်ဂေါင်အသီးကွင်းတွင် လေလံပြသွားရောက်
 ရောင်းချကြကြောင်း၊ နာနတ်သီးများ  အလုံးကြီး အလုံးလှပါက (၁.၅KG  မှ ၂ KG အတွင်းရှိ အလုံးများ ) တစ်လုံးလျှင်  ၅ ယွမ်မှ  ၆  ယွမ်ထိ ရရှိပြီး အလုံးလတ်-အလုံးသေးများအား Light Truck ကားတစ်စီး
ယွမ် ၁၅၀ဝ-၁၈၀ဝ-၂၀ဝ၀ ထိ  စီးလုံးပြတ်ဝယ်ယူကြကြောင်း၊ တစ်ဖက်နိုင်ငံမှ ကြိုက်နှစ်သက်သည့်  အရသာရှိသော နာနတ်သီး အလုံးကြီးများအား စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ သို့မှသာ
ဈေးကောင်းရရှိပြီး စီးပွားဖြစ် ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ သရက် သီးကဲ့သို့ မိမိဘက်ဈေးကွက်ရှိရာ  သစ်သီးကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်
ကြောင်းနှင့် နာနတ်သီးသည်   ပို့ကုန်တင်ပို့ရန်အတွက် အလား အလာရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။  တစ်ဖက် နိုင်ငံတွင် နာနတ်သီးများအား စားသုံးရန်အတွက်လည်းကောင်း၊
စည်သွပ်ဘူးများနှင့်  ဖျော်ရည်လုပ်ငန်းတို့တွင် အသုံးပြုကြကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ နာနတ်သီးများကို တစ်ပိုင်တစ်နိုင်  ခြံစိုက်ပျိုးပြီး တင်ပို့ရောင်းချသည့် ခြံရှင်များအား တစ်ဖက်နိုင်ငံတွင် မိမိတို့ခြံထွက် နာနတ်သီးများ ရောင်းချပြီးပါက  မိမိတို့အိမ်သုံးရန်နှင့် မိမိဒေသ အတွင်း
 အသုံးပြုရန် အဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဆိုင် ကယ်များအား တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင်ကတITC ဖြင့် ငါးရက်စာအတွင်း ကျပ်  ၁၅၀ သိန်းခန့်အထိ   သွင်းကုန်လိုင်စင်ဖြင့် တင်သွင်း
ခွင့်  ပြုထားသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ပို့ကုန်^သွင်းကုန်၊ ကုန်သွယ်မှုဆောင်ရွက် နိုင်သည့် လုပ်ငန်းရှင်ငယ်အဆင့်ထိလုပ်ကိုင်ခွင့်ရှိနေပြီဖြစ်ကြောင်း ရှမ်းမြောက်
ဒေသနေ ပြည်သူများသာမက မြေပြန့်မှ ပြည်သူများပါ သိရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးမှသည် ပို့ကုန် တိုးမြှင့်ရေး ကိုပါ အထောက်အကူပြုနိုင်ရန်အတွက် စီးပွားဖြစ်ပိုမို၍  တိုးချဲ့ စိုက်ပျိုးကြရန်
 အသိပေးရေးသားတင်ပြလိုက်ရပါသည်။
 

Agency Ministry of Foreign Affairs
Category General