၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်းဆန်စားသုံးမှု တန်ချိန် ရှစ်သန်းခန် ့ရှိလာမည်

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပြည်တွင်းဆန် စားသုံးမှုသည် တန်ချိန် ရှစ်သန်းခန့်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန် သည်များအသင်းနှင့် ရေဆင်း
စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက် ပျိုးစီးပွားပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ပူးပေါင်းဆောင်ရွက်သည့်  လေ့လာချက် တစ်ရပ်အရ သိရသည်။
အဆိုပါလေ့လာချက်ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရှိ တိုင်းနှင့် ပြည်နယ်အသီးသီးမှ တတိယနှစ်၊ စတုတ္ထနှစ်နှင့် မဟာသိပ္ပံကျောင်းသား၊ ကျောင်းသူပေါင်း ၁၅၃ ဦးဖြင့် သုတေသနစစ်တမ်း ကောက်ယူ
ခဲ့ခြင်းဖြစ်ပါသည်။
ယင်းကျောင်းသူ၊ ကျောင်းသားများသည် တိုင်းနှင့် ပြည်နယ် ၁၅ ခုမှ ကျေးလက်ဒေသနေ  တောင်သူအိမ် ထောင်စု ၁၇၁၀ စု၊ မြေယာမဲ့အိမ်ထောင်စု ၁၄၈၄ စုနှင့် မြို့နေအိမ်ထောင်စု ၁၉၃၈ စု၊ စုစုပေါင်း
အိမ်ထောင်စု ၅၁၃၂ စု၊ စုစုပေါင်း လူဦးရေ ၂၄၂၁၁ ဦးတို့ထံမှ အချက်အလက် များကိုကောက်ယူ၍ စာရင်းသွင်းတွက်ချက်ခြင်းများကို ပြု လုပ်ပြီး ယခုကဲ့သို့ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းကြေညာချက်အရ ဆန်စားသုံးမှုသည် တစ်နိုင်ငံ လုံးအတိုင်းအတာအရ တစ်ဦးချင်း တစ်နှစ်လျှင် ပျမ်းမျှ ဆန် စားသုံးမှုမှာ ၁၅၅ ဒသမ ၁၄ ကီလိုဂရမ်ဖြစ်ပြီး အနည်းဆုံး စားသုံးမှုမှာ ၄၃ ဒသမ ၁၀
ကီလိုဂရမ်နှင့် အများဆုံး စားသုံး မှုမှာ ၃၂၆ ဒသမ ၁၁ ကီလိုဂရမ်ဖြစ်သည်။
ထို့ပြင် အုပ်စုလိုက်အနေဖြင့် တစ်ဦးချင်းဆန်စားသုံးမှု မှာ တစ်နှစ်လျှင်  မြို့နေလူထုသည် ၁၃၃ ဒသမ ဝ၇ ကီလို ဂရမ်စားသုံးပြီး ကျေးလက်မြေယာမဲ့ များသည် ၁၅၉ ဒသမ ၆၅ ကီလိုဂရမ် စားသုံးကြကာ
 ကျေးလက်တောင်သူများ သည် ၁၇၆ ဒသမ ၂၃ ကီလိုဂရမ်စားသုံးကြကြောင်း သိရ သည်။
ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် တစ် ဦးချင်းပျမ်းမျှ ဆန်စားသုံးမှုကို တွက်ချက်ကြည့်ရာတွင် ပြည် တွင်းဆန်စားသုံးမှုပမာဏမှာ ၂၀၁၆ခုနှစ်တွင် ဆန်တန်ချိန် ရှစ်သန်းခန့် စားသုံးကြောင်း
 သိရှိရပါသည်။  

Agency Ministry of Foreign Affairs
Category General