ရိဒ်ကုန်သွယ်ရေးစခန်းမှ မေလအတွင်း ကုန်သွယ်မှု တိုးတက်

ရိဒ်ကုန်သွယ်ရေးစခန်းမှ မေလအတွင်း ကုန်သွယ်မှုပမာဏ ဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၁၃ သန်းဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ် ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့နှိုင်းယှဉ်ပါက
 အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၅၂ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ကွမ်းသီး၊ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်များ၊
စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ မုန့်မျိုးစုံ၊ အချိုရည်၊ ဆပ်ပြာမှုန့်၊ ငါးသေတ္တာ၊ စောင်၊ အမျိုးသမီးစီးဖိနပ်၊ အမျိုးသမီး ဝတ်တီရှပ်တို့ ပိုမိုတင်ပို့နိုင်ပြီး ဓာတ်မြေသြဇာများ တင်သွင်းမှုပိုမိုခဲ့သဖြင့် ကုန်သွယ်မှု
ပိုမိုရခြင်းဖြစ်ပါတယ်။ ရိဒ်ကုန်သွယ် ရေးစခန်းမှ မေလအတွင်းITC ကတ် တစ်စောင်ထုတ်ပေးခဲ့ပြီးITC ကတ်ဖြင့် နိုင်လွန်ချည် ၇ တန် ကျော် တင်သွင်းနိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။
                    ခင်မိုးသူ
 

Agency Ministry of Foreign Affairs
Category General