မုံရွာကုန်စည်ဒိုင်ဇွန်လကုန်ရက်သတ္တပတ် ပဲဈေးကွက် ကုလားပဲဈေးတက်လာ

မုံရွာကုန်စည်ဒိုင်  ဇွန်လလကုန်ပတ် ပဲမျိုးစုံဈေး ကွက်မှာ ပြည်ပဝယ်လိုအားရှိတဲ့ ငုံနီ၊ စိမ်းကြီးနဲ့ မတ်ပဲတို့ ဆက်လက်ဈေးမာနေသလို   လုပ်ငန်းသုံးဝယ်လိုအား အနည်းငယ်သွက်လာလို့ ကုလားပဲဈေး  
တက်လာတာ တွေ့ရပါ တယ်။  မိုးရာသီဖြစ်ပေမယ့် မိုးရွာသွန်းမှုနည်းပြီး ရာသီ ပွင့်လင်းနေတာကြောင့် ကြာဆန်စက်သမားတွေ လုပ်ငန်းသွက်ကာ ပဲအဝယ်လိုက်ခဲ့သလို ခွဲစက်၊ အမှုန့် ကြိတ်စက်နဲ့  
ပဲကြော်ဖိုလုပ်ငန်းသမားတွေ ဝယ်လိုအား ကောင်းတာကြောင့် အခုလို ကုလားပဲဈေးမြင့်လာတာဖြစ် တယ်လို့   ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် အတွင်းမှာ ထိုင်ဝမ်နဲ့ ၉၂၉ တစ်တင်းကျပ် ၃၈၀ဝ၀နဲ့  
V2တစ်တင်း ကျပ် ၄၀၈၀ဝ အထိ အမြင့်ဈေးဖြစ်ပေါ်ခဲ့ကာ တစ်ရက် ကုလားပဲမျိုးစုံ အိတ် ၁၀ဝ၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။
ယခုတစ်ပတ်  ငုံနီဈေးကွက်မှာလည်း တစ်တင်း ကျပ် ၄၈၈၀ဝ မှ ကျပ် ၄၉၁၀ဝ အတွင်း ဈေးဆက်လက်မာ နေပြီး ရောင်းလိုအားနဲ့ ဝယ်လိုအားမျှနေကာ တစ်ရက် အိတ် ၇၀ဝ မှ ၁၀ဝ၀ အကြား ပုံမှန်
အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စိမ်းကြီးဈေးကွက်အနေနဲ့ ဒေသ တွင်းမှ   ပဲဒိုင်များကို   အဝင်သွက်လာသလို မန္တလေး၊ ရန်ကုန်နဲ့ ဒေသခံခွဲစက်သမား ဆွဲအားကောင်းခဲ့ရာ ယခု တစ်ပတ်
အတွင်း စိမ်းကြီးတစ်တင်း  ကျပ် ၃၂၅၀ဝအထိ အမြင့်ဈေးပေါက်ခဲ့ပြီး တစ်ရက် အိတ် ၁၅၀ဝ မှ ၂၀ဝ၀ အကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
မတ်ပဲဈေးကွက်မှာတော့  ယခင်တစ်ပတ်ကထက် အနည်းငယ်ဈေးအေးခဲ့ကာ တစ်တင်း  ကျပ် ၅၆၀ဝ၀ မှ ကျပ် ၅၇၅၀ဝ အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၃၀ဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်နိုင်
တယ်လို့  ဆိုပါ တယ်။
အခြားပဲမျိုးစုံဈေးကွက်အနေနဲ့   ထောပတ်ပဲတစ် တင်းကျပ် ၁၁၅၀ဝ၊ ပုဂံပဲတစ်တင်း  ကျပ် ၁၆၅၀ဝ၊ မြေ ထောက်ပဲတစ်တင်း  ကျပ် ၁၉၅၀ဝ၊ လွန်းပြာတစ်တင်း ကျပ် ၂၀၅၀ဝ၊ ပဲယင်းတစ်တင်းကျပ်
 ၁၅၀ဝ၀၊ စွန်တာနီ တစ်တင်း ကျပ် ၁၅၀ဝ၀၊ ပဲပုပ်စေ့တစ်တင်း ကျပ် ၁၈၀ဝ၀ အသီးသီးပေါက်ဈေးငြိမ်နေခဲ့ပြီး  နယ်ရောင်းချရမှုထက် ဒေသတွင်းပဲလက်လီအဝယ်ကပိုကာ ပဲတစ်မျိုးတစ်ရက် လျှင်
 အိတ် ၂၀ဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်နိုင်တယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။
ထွန်းလှိုင်-မုံရွာ

Agency Ministry of Foreign Affairs
Category General