ရွှေဘိုခရိုင်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ပညာပေး

၀၁၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အဆင့်စားသုံးသူ ရေးရာ ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး
ဌာန၊ စည်ပင်သာယာ ရေးကော်မတီနှင့် ရွှေဘိုခရိုင်မြို့နယ် များရှိ သောက်ရေသန့်လုပ်ငန်းရှင်များ တွေ့ဆုံ၍     လုပ်ငန်းညှိနှိုင်းအစည်း အဝေး  ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌက ရေသန့်လုပ်ငန်း ရှင်တစ်ဦးချင်းအား FDA  ထောက်ခံ ချက်နှင့်   စည်ပင်သာယာရေးကော် မတီနှင့်     စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများ
၏ လိုင်စင် များရှိ^မရှိ မေးမြန်း၍    မရှိသော လုပ်ငန်းရှင်များအား   သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်နှင့်လိုင်စင် များရရှိအောင်    ဆောင်ရွက်ရမည့် တာဝန်မှာ   လုပ်ငန်းရှင်များ၏တာဝန် သာဖြစ်၍
   အမြန်ရရှိအောင် ဆောင် ရွက်ကြရန်၊   အချို့လုပ်ငန်းရှင်များက နေပြည်တော်FDA    မှ လာရောက် စစ်ဆေးပြီးကြောင်း  တင်ပြကြရာ လာ ရောက်စစ်ဆေးခြင်းသည် ထောက်ခံ ချက်ရရှိ ခြင်းမဟုတ်၍
နေပြည်တော်သို့ သွားရောက်ပြီးအမြန်ရအောင်ဆောင်ရွက်ရန်၊ အရည်အသွေးနှင့်  သတ်မှတ် စံချိန်စံညွှန်းပြည့်မီသော   သောက်ရေ သန့်စက်ရုံတည် ထောင်ပါက သိန်း ပေါင်းနှစ်ထောင် သုံးထောင်ကုန်ကျ
 မည်ဖြစ်ပြီး ထိုကဲ့သို့ ထောက်ခံချက်များ၊ လုပ်ငန်းလိုင်စင်များ မရှိဘဲရောင်းချ ခြင်းကို လူတိုင်းပြုလုပ်နိုင်ကြောင်း၊ အချို့ရေသန့်ဗူးများတွင် ရေညှိများတွေ့ သည်ဟု သောက်သုံးသူပြည်သူများမှ ပြောကြား
ကြောင်းနှင့် သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များ လုပ်ငန်း လိုင်စင်များမရှိပါက လုပ်ငန်းရှင်များ အနေဖြင့် မိမိ၏သောက်ရေသန့်များကို လုံးဝဖြန့်ဖြူးရောင်းချခြင်း မပြုရန်နှင့် ဖြန့်ဖြူးရောင်းချသည်ကို
 တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ် ကြောင်းပြောကြားပါသည်။
စားသုံးသူရေးရာ ဦးစီးဌာန ရွေွှဘို ခရိုင်ဦးစီးမှူးက သောက်ရေသန့်လုပ်ငန်း ရှင်များအနေဖြင့်FDA  ထောက်ခံချက်၊ စည်ပင်သာယာရေး    ကော်မတီနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာနများ၏
 လုပ်ငန်းခွင့်ပြုချက် လိုင်စင်များရရှိအောင် အမြန်ဆုံး ဆောင် ရွက်ကြရန်နှင့် ၎င်းင်း ထောက်ခံချက်များ ရရှိပြီးသော်လည်း စားသုံးသူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေးအတွက် မိမိဌာနအနေဖြင့် ကျန်းမာ
ရေးဦးစီး ဌာနFDA  ၊ စည်ပင် သာယာရေးကော် မတီ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနများနှင့် ပူးပေါင်းပြီး အခါ အားလျော်စွာ စစ်ဆေးသွားမည်ဖြစ် ကြောင်းပြောကြားပါသည်။ စည်ပင် သာယာ
ရေးကော်မတီနှင့် စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှလည်း မိမိတို့ဌာနတွင် လုပ်ငန်းခွင့် ပြုချက်လိုင်စင်များ ပြုလုပ်ကြရန် ပြော ကြားကြောင်း သိရှိရပါသည်။
 

Agency Ministry of Foreign Affairs
Category General