သတိထားရမယ့် ပဉ္စလက်ဆန်လှတဲ့ မှော်ဝင်ကလောင်တံတစ်ချောင်း

ဒီတစ်ပတ်မှာတော့ စာဖတ်ပရိသတ်တွေ ကိုအထူးသတိပေးချင်တဲ့ အကြောင်းအရာလေး ကို ဖော်ပြပေးလိုက်ပါတယ်။
အဲဒါကတော့ တကယ့်ကို ပဉ္စလက်ဆန် လှသလို တစ်မုဟုတ်ချင်း ဘဝပြောင်းသွားစေ မယ့် လှည့်ကွက်အမျိုးမျိုးအဖြစ်ဖန်တီးထားတဲ့ ကလောင်တံတစ်ချောင်းပဲဖြစ်ပါတယ်။
ကလောင်တံဆိုတာကတော့  ရှေးအစဉ် အဆက်က  ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ အမည်နာမ တစ်ခုပါ။အခုခေတ်မှာတော့ ဘောလ်ပင် (Ball Pen)  လို့ ခေါ်ဝေါ်သုံးစွဲနေကြပါပြီ။
ဘောလ်ပင်ဟာ တစ်ကမ္ဘာလုံးမှာ တွင် တွင်ကျယ်ကျယ် အသုံးပြုနေကြတာ လူတိုင်း အသိပါပဲ။ နိုင်ငံတော်အဆင့်  လက်မှတ်ရေးထိုး ပွဲတွေ၊ အရေးကြီးစာချုပ်စာတမ်းတွေမှာလက် မှတ်ရေးထိုးတာတွေ၊ လျှောက်လွှာဖြည့်သွင်းတာ တွေ၊ စသည် စသည်ဖြင့် နေရာပေါင်းများစွာ၊  အလုပ်ပေါင်းများစွာမှာ မပါမဖြစ် ပါဝင်နေတဲ့ ပစ္စည်းကိရိယာလေးတစ်ခုပဲ ဖြစ်ပါတယ်။
အဲဒီဘောလ်ပင်ဟာ  လူတိုင်းအတွက် နေရာတိုင်းအတွက် အရေးကြီးလှတဲ့ ပစ္စည်း လေးတစ်ခုဟာ မသမာတဲ့တီထွင် ဖန်တီးထုတ် လုပ်တဲ့သူတစ်ဦးကြောင့်  သတိထားရမယ့် အနေအထားတစ်ခုကို ရောက်ရှိခဲ့ပါပြီ။
အခုရက်ပိုင်းအတွင်းမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအနက်  ထူးခြားတဲ့ ဘောလ်ပင် တွေ   ဝင်ရောက်လာခဲ့ပါတယ်။ ဝင်လာတဲ့
ဘောလ်ပင်ကတော့ အမှတ်တံဆိပ်အမည်နာမ  မပါဝင်ဘဲ ပုံစံတူနှစ်မျိုးနဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ပုံစံတူနှစ်မျိုးအနက် တစ်မျိုးရဲ့အဖုံးမှာ အဖြူရောင်ရှိပြီး ကိုယ်ထည်အရောင်မှာ အပြာ ရောင်ဖြစ်ပါတယ်။ အဖုံးနဲ့ ကိုယ်ထည်ပေါ်မှာ ကာတွန်းရုပ်ပုံလည်းပါရှိပါတယ်။
ကျန်တစ်မျိုးမှာတော့ အရောင်သုံးမျိုးရော စပ်ထားတဲ့ အရောင်စိုဘောလ်ပင်ဖြစ်ပါတယ်။ ကိုယ်ထည်ပေါ်မှာ Bunny Best Friend  စာသား နဲ့ တိရစ္ဆာန်ပုံလေးများ ပါရှိပါတယ်။
အဲဒီဘောလ်ပင်နှစ်မျိုးစလုံးကို ရေးခြစ် ကြည့်ပါက ထွက်ရှိလာသည့် မှင်အရောင်မှာ အပြာရောင်လွင်လွင်ဖြစ်သည်ကို တွေ့ရှိရပါ တယ်။
အဲဒီဘောလ်ပင်နှစ်မျိုးရဲ့ ထူးခြားချက် ကတော့ ဘယ်လိုစာရွက်မျိုးပေါ်မှာမဆို ရေး သားထားချက်များကိုသော်  လည်းကောင်း၊ လက်မှတ်ရေးထိုးထားချက်များကိုသော် လည်း ကောင်း၊ စာရွက်ရဲ့  အောက်တည့်တည့်မှ ဂတ်စ်မီးခြစ် (သို့မဟုတ်) ဖယောင်းတိုင်မီးနဲ့ မီးရောင်ပြလိုက်ရုံနဲ့  စာရွက်ပေါ်မှာ မိမိရေးခြစ် မှတ်သားထားတာတွေအားလုံးဟာ မျက်လှည့် ပြလိုက်သလို တစ်ခဏအတွင်း ပျောက်ပျက် သွားမှာဖြစ်ပါတယ်။
ဒါတင်မက အဲဒီရေးသားထားချက်တွေကို  အဲဒီဘောလ်ပင်မှာပါတဲ့ ခဲဖျက်နဲ့ ဖျက်လိုက်ရုံနဲ့ စာတွေ၊ လက်မှတ်တွေ၊ မှတ်တမ်းမှတ်ရာတွေ အားလုံးဟာ မည်သည့် အမှတ်အသားမှ မကျန် ခဲ့ဘဲ ပျောက်ပျက်သွားမှာဖြစ်ပါတယ်။
ခဲဖျက်နဲ့ဖျက်တဲ့အခါမှာ ဖျက်ရာကျန်ခဲ့ပေ မယ့် အဲဒီဘောလ်ပင်မှာပါတဲ့ ခဲဖျက်ကတော့  မှော်ဝင်ခဲဖျက်လို့ဆိုရမှာဖြစ်သလို အဲဒီဘောလ် ပင်မှာပါတဲ့ မှင်ရည်ဟာ မှော်ဝင်မှင်ရည်လို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီဘောလ်ပင်ဟာ   စာရေးကိရိယာ အမျိုးအစားထဲမှာပါဝင်နေတဲ့အပြင် လိုင်စင်မ လိုတဲ့သွင်းကုန်ပစ္စည်းတစ်မျိုး ဖြစ်တာကြောင့်အကောက်ခွန်ဦးစီးဌာနမှာ ID ဖွင့်ပြီး ဂျူတီပေး ဆောင်ကာ တင်သွင်းခွင့်ပြုထားတဲ့ပစ္စည်းဖြစ် ပါတယ်။
ဒါကြောင့်မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှာ  အစစ်ဆေးခံပြီး တင်သွင်းနိုင်သလို တရားမဝင်ရှောင်ကွင်းလမ်းကနေလည်း တင် သွင်းလာနိုင်ပါတယ်။ ဒါ့အပြင် လူစီးယာဉ်တွေနဲ့ ခရီးသည်တင်မှန်လုံယာဉ်များနဲ့လည်း တစ်ပိုင် တစ်နိုင်တင်သွင်းနိုင်တာကြောင့် ပြည်တွင်းသို့  အရေအတွက် ဘယ်ရွေ့ဘယ်မျှ ရောက်ရှိနေမ လဲဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူး။
သုံးစွဲသူပြည်သူတွေသာမက ရောင်းချသူ ပြည်သူတွေပါ အထူးသတိပြုရမှာဖြစ်သလို အဲဒီလို အမှတ်အသား  တံဆိပ်တွေပါဝင်တဲ့ ဘောလ်ပင်မျိုးကို တွေ့ရှိခဲ့ပါက သက်ဆိုင်ရာ ဌာနများကို အသိပေးအကြောင်းကြားဖို့လည်း တိုက်တွန်းလိုပါတယ်။
ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် မိမိကိုယ် ပိုင် ဘောလ်ပင်များနဲ့သာ လက်မှတ်ရေးထိုး ခြင်း၊   လျှောက်လွှာများဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ကြဖို့လိုပါတယ်။
ဝိသမသမားထုတ်လုပ်သူနဲ့ တီထွင်ဖန်တီး သူတို့ကြောင့် ဘဝပျက်၊ စီးပွားပျက်ရမယ့်ကိန်း မျိုးကို ဆိုက်ရောက်လာနိုင်တဲ့အပြင် နိုင်ငံတွင်း ကို မလိုလားအပ်တဲ့သွင်းကုန်ပစ္စည်းတွေ ဝင် ရောက်လာနိုင်တာကြောင့် ပြည်သူလူထုတစ်  ရပ်လုံးက အမျိုးသားရေးအသိ အမျိုးသားရေး အမြင်နဲ့ ဝိုင်းဝန်းကာကွယ်တားဆီးကြရမှာဖြစ် ပါတယ်။
ပÍ္စလက်ဆန်တဲ့ မှော်ဝင်ဘောလ်ပင်လေး တစ်ချောင်းကြောင့် ပျက်စီးဆုံးရှုံးရမယ့်အရေး ကို ကြိုတင်ကာကွယ်ကြပါစို့လို့ တိုက်တွန်းလိုက် ရပါတယ်။
ခင်မာမြင့်
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်
 

Agency Ministry of Foreign Affairs
Category General