တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ITC ဖြင့် မော်တော်ဆိုင်ကယ်များအား စခန်းအသီးသီးမှ တင်သွင်းခွင့်ပြု
 
                                                    
                
	နယ်စပ်ဒေသများရှိ လုပ်ငန်းရှင်ငယ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာစေရေးအတွက်  ပြည်တွင်းဝယ် လိုအားရှိတဲ့ တစ်ဖက်အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့်  တရုတ်နယ်စပ်)မှ မော်တော်ဆိုင်
	ကယ်များကိုITC ကတ်နဲ့ တင်သွင်းခွင့်ပြုလိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရ ပါတယ်။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် ကတITC ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို  မော်တော်
	ဆိုင်ကယ်တစ်စီးနှုန်းဖြင့် တစ်ပတ်လျှင်ငါးစီးအထိ တစ်ကြိမ် တည်းစုဆောင်းတင်သွင်းလိုပါကလည်း လိုင်စင်ဆောင်ရွက် ခွင့်ပြုပေးမယ်လို့ သိရပါတယ်။
	စမ်းသပ်ကာလတစ်လ ဆောင်ရွက်ခွင့်ပြုပြီး လုပ်ငန်း တိုးတက်ဆောင်ရွက်နိုင်မှု အပေါ်မူတည်ပြီးITC  ဆောင်ရွက် ခွင့်ပြုတန်ဖိုး တစ်ရက်လျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် တစ်ပတ် လျှင် သိန်း ၁၅၀ အထိ ခွင့်ပြု
	ဘောင်အတွင်း စီးရေတိုးမြှင့်ခွင့် ပြုပေးသွားမယ်လို့လည်း သိရပါတယ်။
	ယခုဘဏ္ဍာနှစ်အတွင်းITC ကတ်ဖြင့် လုပ်ငန်း လုပ် ဆောင်တဲ့စခန်းရှစ်ခုရှိပြီး ပို့ကုန်ဆောင်ရွက်နိုင်မှုမှာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၁၇ ရက်အထိ ကျပ်သန်းပေါင်း ၁၆၆ ဒသမ ၁၉၈၊ သွင်းကုန်
	ဆောင်ရွက်နိုင်မှုမှာ ကျပ် သန်းပေါင်း ၉၄၆ ဒသမ ၅၅၈ နဲ့ ကုန်သွယ်မှုပမာဏ ဆောင် ရွက်နိုင်မှုမှာ ကျပ်သန်းပေါင်း ၁၁၁၂ ဒသမ ၇၅၆ ခန့်ဖြစ် တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။
	ယခင်ကITC ကတ် သက်တမ်းကုန်ဆုံးပြီး ခြောက်လ ကျော်သည်အထိ ထပ်မံသက်တမ်းတိုးခွင့်လျှောက်ထားခြင်း မပြုက ဖျက်သိမ်းခံရမည်ဟု သတ်မှတ်ထားသော်လည်း ယခု အခါလုပ်ငန်းရှင်ငယ်များ
	 ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင် ရွက်နိုင်ရေးဖြေလျော့ပေးသည့်အနေဖြင့် ကာလကန့်သတ် ချက်မထားဘဲ သက်တမ်းတိုး    လျှောက်ထားပါက မူလ               သက်တမ်းကုန်ဆုံးသည့်နေ့မှစ၍    
	သက်တမ်းတိုးလျှောက် ထားပြီး သက်ဆိုင်ရာငွေစာရင်းသို့ သက်တမ်းတိုးကြေးပေး သွင်းမည့်နေ့ကြားကာလအတွက် သတ်မှတ်ထားသည့် သက်တမ်းတိုးကြေးများအား လုပ်ထုံးလုပ်နည်းနဲ့အညီ နိုင်ငံ
	တော်ဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းဆောင်ရွက်ခွင့်ပြု ထားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
