ဇွန်လကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲဈေးအားလုံးလိုလို ဈေးငြိမ်အရောင်းအဝယ်ဖြစ်
 
                                                    
                
	ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်မှာ ဇွန် လကုန်ပတ်အတွင်း မတ်ပဲ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲကြီးသီးနှံ များ ဈေးငြိမ်နေပြီး ပဲစင်းငုံဈေးအနည်းငယ်ပြန်မြင့်လာ ခဲ့ပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ
	မှာ နေ့စဉ် အိတ် ၃၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့်  ပဲစင်းငုံသီးနှံမှာ လက်ကျန်ပဲ သာရှိခဲ့လို့ ရက်ခြားစုပြီး ဝယ်ယူနေကြရတာကိုတွေ့ရပါတယ်။ ကျန်ပဲအချို့ကတော့ လက်လီသာအဝယ်ရှိခဲ့ကြပါတယ်
	။
	မတ်ပဲသီးနှံမှာ နေ့စဉ်ဝင်ရောက်ခဲ့သော်လည်း အိတ် ၂၀ဝ ခန့်သာ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များမှ ဝင်ရောက်လျက်ရှိသလို လက်ကျန်ပဲများလည်းရှိတဲ့ အတွက် ရန်ကုန်ဝယ်လက်  
	ဝယ်လိုအားရှိသလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ ယခင်တစ် ပတ်ကအတိုင်း ဈေးငြိမ်နေတဲ့အတွက် တစ်တင်း ကျပ် ၅၇၅၀ဝ နဲ့အရောင်းအဝယ်ဖြစ် နေပြီး ဇွန်လဆန်းရက်ကဈေး
	ထက် တော့ လကုန်ပတ်မှာ ဈေးပိုခဲ့ပါတယ်။
	ဇွန်လဆန်းမှာ မတ်ပဲသီးနှံဈေးနှုန်းအနေဖြင့်   တစ် တင်း ကျပ် ၅၂၀ဝ၀ သာရရှိခဲ့လို့ လကုန်မှာ တစ်တင်းကျပ်ငါး ထောင်ခန့်ဈေးပိုရခဲ့ပြီး ယခင်နှစ် ဇွန်လကုန်ဈေးထက်လည်း ဈေးပိုရခဲ့တာကို တွေ့ရပါ တယ်
	။ ယခင်နှစ်က ဇွန်လကုန်ဈေး မှာ တစ်တင်းကျပ် ၄၁၅၀ဝ ခန့်ရရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က မတ်ပဲဈေးဟာ ဇူလိုင်လမှစ၍ နှစ်ကုန် အထိ ဈေး တရိပ်ရိပ်တက်လာခဲ့တဲ့အတွက် ယခုနှစ်ကာလတူမှာ
	လည်း ကျပ် ၅၇၅၀ဝ၊ ကျပ် ၆၀ဝ၀ဝ နီးပါးရရှိနေတာကို  တွေ့ ရပါတယ်။ ဒါကြောင့် ယခင်နှစ်ကဲ့သို့ နောက်ပိုင်းကာလများ မှာ ဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာကြောင့် တချို့ လှောင်လက်နှင့်
	တောင်သူများအနေနဲ့ ပဲများဆက်လက်သို လှောင်ထားရှိနေခဲ့တယ်လို့လည်း သိရပါတယ်။
	ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိပေမယ့် လက်ကျန်ပဲ အချို့ ရှိခဲ့လို့ နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရန်ကုန် ဝယ်လက် များက ရက်ခြားစုပြီး  ဝယ်ယူနေကြတာကြောင့် အရောင်း အဝယ်ဖြစ်သည့်ရက်တွင် အိတ်
	 ၃၀ဝ ကျော် ၄၀ဝ ခန့်အထိ ရောင်းချခဲ့ပါတယ်။ ပဲဈေးကွက်မှာတော့ အခြားပဲများဈေးငြိမ် နေပေမယ့် ပဲစင်းငုံသီးနှံက ဈေး အနည်းငယ်ပိုရလာတဲ့အတွက် တစ်တင်းကျပ် ၄၉၀ဝ၀ နဲ့  ယခင်တစ်ပတ်ထက်
	ကျပ်တစ် ထောင်ခန့်ပိုရရှိခဲ့တာကို  တွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ လည်း လဆန်းရက်က တစ်တင်းကျပ် ၄၇၅၀ဝ၊ လကုန်ရက်မှာ တစ်တင်းကျပ် ၄၉၀ဝ၀ ဖြင့် လကုန်ရက်မှာ တစ်တင်းကျပ် ၂၅၀ဝ ခန့်ပို
	လာခဲ့ပါတယ်။ ယခင်နှစ်ကဇွန်လအတွင်းမတ်ပဲ နှင့်   ပဲစင်းငုံသီးနှံမှာ  ဈေးပြိုင်ရရှိပေမယ့်  ယခုနှစ်မှာတော့ ပဲစင်းငုံသီးနှံဈေးထက်မတ်ပဲဈေးက ဈေးကောင်းရခဲ့ကြောင်း လေ့လာသိရှိရပါတယ်။
	ကုလားပဲသီးနှံမှာလည်း ပန်းတောင်း၊ ရွှေတောင်၊ မင်း တုန်း၊ ကံမမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ခဲ့ပေမယ့် အိတ် ၁၅၀ ကျော် ၂၀ဝ ခန့်သာ ဝင်ရောက်ခဲ့ပြီး ပဲအဝင်ပါးသွားခဲ့ သော်လည်း ပဲလက်ကျန်များရှိခဲ့
	လို့ ပုံမှန်အရောင်းအဝယ်ရှိခဲ့ ပါတယ်။ ခွဲစက်သမား ဝယ်ယူမှုရှိလို့ ဝင်လာသမျှပဲများရောင်း ချခဲ့ကြရကာ အိတ် ၂၀ဝ ကျော် ၃၀ဝ အထိ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ကုလားပဲသီးနှံဈေးမှာ ယခုနှစ်တွင်
	ပြည်ပဝယ်လို အားရှိသောပဲများ လောက်ဈေးမရရှိသော်လည်း ဈေးကောင်း ခဲ့တဲ့ပဲဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ပဲသစ်စပေါ်ချိန် ဖေဖော် ဝါရီလတွင် ဈေးနှုန်းသိပ်မကောင်းခဲ့လို့ ကျပ်သုံးသောင်း အောက်
	သာရရှိပေမယ့် ဧပြီလမှစ၍ ပဲဈေးနှုန်း ဆက်တိုက် မြင့်လာကာ တစ်တင်း ကျပ်လေးသောင်းကျပ်ထိ ရရှိခဲ့တာ ကိုလည်း တွေ့ခဲ့ရပါတယ်။
	ပြည်တွင်းဝယ်လက်သာရှိတဲ့     ပဲတစ်မျိုးဖြစ်သည့် ပဲကြီးသီးနှံမှာလည်း အိတ် ၂၀ဝ^၃၀ဝ ခန့် ရွှေတောင်၊ ကျီးသဲ၊ မင်းတုန်း၊ ကံမဘက်မှ နေ့စဉ်ဝင်ရောက်ခဲ့ပါတယ်။ ပဲကြော်ဖို လုပ်ငန်းသမားများမှ နေ့စဉ်ပုံ
	မှန် အဝယ်ရှိတာကြောင့် တစ် နေ့အိတ် ၃၀ဝ ကျော် ရောင်းချခဲ့သလို ပဲကြီး(ရွှေကျွန်း)ထက် (ကမ်းနား)ပဲက အရောင်းအဝယ် ပိုသွက်ခဲ့တယ်လို့ သိရပါ တယ်။ ဈေးနှုန်းမှာတော့ (ရွှေကျွန်း) တစ်တင်းကျပ်
	၂၈၀ဝ၀၊ (ကမ်းနား) တစ်တင်း ကျပ် ၂၆၀ဝ၀ ရရှိတာကြောင့် ကမ်းနားပဲ ဈေးမှာ ယခင် တစ်ပတ်ထက်ဈေးအနည်းငယ်  ပိုရလာခဲ့ပါ တယ်။ ယခုလအတွင်း ပဲကြီးသီးနှံဈေးနှုန်းများမှာ အခြားပဲ များကဲ့သို့
	မဟုတ်ဘဲ တစ်လလုံး ဈေးငြိမ်နေခဲ့ကြောင်း သိရပါ တယ်။
	ပဲလွန်းဖြူ၊  ထောပတ်ပဲ၊  ပဲပုပ်သီးနှံဈေးနှုန်းများမှာ ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတာကြောင့် ပဲလွန်း ဖြူတစ်တင်း    ကျပ် ၂၁၅၀ဝ၊ ထောပတ်ပဲတစ်တင်း ကျပ် ၁၄၅၀ဝ၊ ပဲပုပ်တစ်တင်းကျပ်
	၂၁၀ဝ၀ ဖြင့်သာ အသီးသီးဈေး ရရှိခဲ့ပြီး ဝယ်လက်ကလည်း လက်လီသာအရောင်းအဝယ်ဖြစ် လို့ အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။
	 ခင်ဆွေဝင်း
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
