ပြည်နှမ်းဈေးကွက်မှာ ဝယ်လက်အဝယ်နည်းသွားလို့ နှမ်းဈေးပြန်ကျ

ဇွန်လ တတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေး ကွက်မှာ မြေပဲဆန် ဈေးအနည်းငယ် အေးသွားပြီး၊ နှမ်းဈေး ကွက်မှာတော့ နှမ်းညိုနဲ့ နှမ်းဖြေူ ဈးအေးခဲ့ပေမယ့် နှမ်းနက်အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ယခု တစ်ပတ် မြေပဲဆန်ဈေးကွက်မှာ တရုတ်အဝယ်ပါးသွားလို့ ဈေးအေးသွားခဲ့ရာ မြေ ပဲဆန်နီ တစ်ပိဿာ ကျပ် ၂၇၅၀-၂၈၀ဝ၊ မြေပဲဆန်ဖြူ တစ်ပိဿာ ကျပ် ၂၇၀ဝ - ၂၇၅၀ နဲ့ မြေပဲ(ဆီဆန်) တစ်ပိဿာ ကျပ် ၂၁၀ဝ - ၂၂၅၀ အသီးသီး ကျေ ဈးဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းဝယ်လက်ပုံမှန်ရှိလို့ တစ်ရက် အိတ် ၅၀ဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှော တာ့ နှမ်းဖြူက တစ်တင်း ကျပ် ၃၁၀ဝ၀ အထိသာ အမြင့်ဈေးရခဲ့ပြီး၊ နှမ်းညို(အ သစ်) က တစ်တင်း ကျပ် ၂၅၀ဝ၀ အထိဈေးအေးခဲ့တာ တွေ့ရပါ တယ်။ နှမ်းနက်ကတော့ တစ်တင်း ကျပ် ၅၀ဝ၀ဝ အထိ ပြန်မာလာပြီး တရုတ်ဝယ်လိုအားရှိလို့ တစ်ရက် အိတ် ၃၀ဝ ခန့် အရောင်း အဝယ်သွက်ခဲ့တ ယ်လို့ ဆိုပါ တယ်။ နယ်စုံက နှမ်းမျိုးစုံဝင်ခဲ့ ပေမယ့် နှမ်းဖြူကတစ်ရက်အိတ် ၁၅၀ ခန့်နဲ့ နှမ်းညိုက တစ် ရက်အိတ် ၂၀ဝ ဝန်းကျင်သာ အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စားသုံးဆီဈေးကွက်မှာတော့ ပဲဆီ တစ်ပိဿာ ကျပ် ၄၄၀ဝ- ၄၇၀ဝ ၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၃၆၀ဝ ကျပ်နဲ့ စား အုန်းဆီ တစ်ပိဿာ ကျပ် ၁၆၂၀-၁၆၄၀ အသီးသီးဈေးငြိမ်နေတယ်လို့ မုံရွာကုန်စည်ဒိုင် ဈေးကွက်ကလေ့လာသိရှိရပါတယ်။

Agency Ministry of Foreign Affairs
Category General