ပြည်နှမ်းဈေးကွက်မှာ ဝယ်လက်အဝယ်နည်းသွားလို့ နှမ်းဈေးပြန်ကျ

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းအဝင်နည်းသွားလို့ ဈေးအနည်းငယ် ပြန်ကျလာတာ တွေ့ရပါတယ်။ မျိုး နှမ်းသမားများကလည်း အဝယ်မရှိဘဲ ဆီစက်သမားများက သာ ဒေသတွင်းစားသုံးရန်အတွက် နှမ်းအဝယ် အ နည်းငယ်သာ အဝယ်ရှိသဖြင့် တစ်နေ့လျှင် အိတ် ၅၀ ခန့်သာ အရောင်းအ ဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုအချိန်မိုးနှမ်း စိုက်ပျိုးချိန်၌ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် အထက်အညာဘက်တွင် နှမ်းခင်းများပျက်စီးလျက်ရှိပါတယ်။ ယခင်နှစ်ကာလတူက နှမ်းနီတစ်တင်းလျှင် ကျပ် ၂၇၀ဝ၀၊ နှမ်းနက်ရိုးရိုး တစ်တင်း လျှင် ကျပ် ၃၃၀ဝ၀နဲ့ စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ဈေး ရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၂၃၀ဝ၀၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ နဲ့ စမုံ နက်နှမ်း တစ်တင်းလျှင် ကျပ် ၅၃၀ဝ၀ ဈေးဖြင့် ယခင်နှစ်ထက် စာလျှင် ယခုနှစ်မှာဈေးကျလာတာတွေ့ရပါတယ်။

Agency Ministry of Foreign Affairs
Category General