ပြည်ထောပတ်ပဲ သီးနှံဈေးအေးအေးနဲ့ အရောင်းအဝယ်ဖြစ်နေ

ပြည်ဈေးကွက်မှာ ပြည်ပသို့တင်ပို့ရောင်းချနေတဲ့ ပဲဈေးမှာ ယခုနှစ်မှာ ဈေးကောင်းရပါတယ်။ ပြည်တွင်းဝယ်လက်များနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကုလားပဲ၊ ပဲကြီး စသည့်သီးနှံများမှာလည်း ဈေး ကောင်းရကာ လက်
လီသမားများနဲ့အဓိကထား အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲများဖြစ်တဲ့ ပဲလွန်းဖြူ၊ ပဲနီပြား၊ ဘိုကိတ်စသည်တို့မှာ ဈေးကောင်း မရပေမယ့်လည်း တစ်တင်း ကျပ်နှစ်သောင်းအထက်မှာ အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့
ရပါတယ်။ဒါပေမယ့် ထောပတ်ပဲသီးနှံကတော့ ဈေးကွက်အတွင်း အနိမ့်ဆုံးဈေးရခဲ့တဲ့ပဲဖြစ်ပြီး တစ်တင်း ကျပ် ၁၃၅၀ဝ ခန့်မှ ကျပ် ၁၄၅၀ဝ ခန့်သာရရှိခဲ့ပါတယ်။ ပဲလက်ကျန် အနည်းငယ်သာရှိတဲ့အတွက် နေ့စဉ် အိတ် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ဈေးလည်းအေးတဲ့ သီးနှံဖြစ်ခဲ့ပါတယ်။ ယခင်နှစ်ကလည်း တစ်တင်း ကျပ် ၁၂၀ဝ၀ မှ ၁၃၅၀ဝ သာရရှိခဲ့လို့ ယခုနှစ်ဈေးနဲ့ သိပ်ကွာခြားမှုမရှိဘူးလို့ သိရပါတယ်။

Agency Ministry of Foreign Affairs
Category General