မူဆယ်မှ ပြောင်းတင်ပို့မှု အနည်းငယ်လျော့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၉ ရက်မှ ၂၅ ရက် တာသီတင်းပတ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၈၆၈ သန်း တန်ဖိုးရှိ ပြောင်း ၁၂၂၅၇ တန် တင်ပို့ခဲ့ရာ ယခင်သီတင်းပတ်က ၁၆၁၆၅ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ ပြောင်းတင်ပို့မှု ၃၉၀၈ တန်လျော့နည်းသွားခဲ့ပါတယ်။
ပြောင်းတစ်တန်ကို မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ၂၈၃၁၂၀ ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၂၈၄၆၇၉ ကျပ်သို့ ဈေးမြင့်တက်လာတာကို တွေ့ရ ပါတယ်။ တရုတ်ဘက်မှာ ပြောင်းသီးနှံကို အဖမ်းအဆီးရှိတာရယ်၊ ယွမ်ဈေး မတည် ငြိမ်တာရယ်နဲ့   ကုန်သယ်ကားခတွေ ဈေးတက်တာရယ်ကြောင့်  ပြောင်းအရောင်း အဝယ် လျော့နည်း သွားရခြင်းဖြစ်တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါ တယ်။                                
                                          
          မော်မော်အောင်
 

  • Agency Ministry of Foreign Affairs
  • Category General