တရုတ်နိုင်ငံသို့ ပျားရည် တန် ၅၀ ကျော် တင်ပို့

မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း အမေ ရိကန်ဒေါ်လာ ၃၈၅၀ဝ တန်ဖိုးရှိ ပျားရည် ၅၅တန် တင်ပို့ခဲ့ပါတယ်။အနီးစပ်ဆုံး နိုဝင်ဘာလမှာ တန် ၈၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပျားရည်ကို ပြည်တွင်းမှာဆေးဝါးအဖြစ်သာ အသုံးပြုကြပြီး ပြည်ပနိုင်ငံ များတွင် သကြားအစား ပျားရည်စားသုံးခြင်းနှင့် အအေးပိုင်းနိုင်ငံများမှာ ပျားရည် ကို အဓိကထား၍ အများအပြားသုံးစွဲနေတာကြောင့် ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေတာ ဖြစ်ပါတယ်။                                      
မော်မော်အောင်

  • Agency Ministry of Foreign Affairs
  • Category General