မူဆယ်ကုန်သွယ်ရေးဇုန်မှ သီဟိုဠ်စေ့ ၂၈ တန်ခန့်တင်ပို့

ဒီဇင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း မူဆယ် ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၂၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်ကုန်သွယ်ရေးဇုန်ရော၊ မြဝတီ ကုန်သွယ်ရေးဇုန်ကပါ တင်ပို့နိုင်ခြင်းမရှိခဲ့တာကြောင့် ယခုတစ်ပတ်မှသာ တင်ပို့ ခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၄၄၂ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၇၅ တန်နဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ အမေ ရိကန်ဒေါ်လာ သုညဒသမ ဝ၇၀ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၉ တန်ကျော် တင်ပို့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

  • Agency Ministry of Foreign Affairs
  • Category General