ပရဆေးကုန်ကြမ်းတန် ၇၀ဝ ကျော်တင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီးတင်း ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၄ မျိုးကို တန်ချိန် ၇၅၀ ခန့်တင်ပို့ခဲ့ပါတယ်။
တင်ပို့ခဲ့တဲ့ပရဆေး ကုန်ကြမ်းအမယ်များမှာ ကွမ်း သီးခွံ၊ ကွမ်းစားဂမုန်း၊ ဆီးဆန်၊ ဆီးသီးခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊ တောဂျူးမြစ်၊ တောချင်း၊ မုတ်ခါး၊ နေလဲစေ့၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ(အခွံပါ^မပါ) နဲ့ မိကျောင်း ကွမ်းဖတ်စေ့တို့ဖြစ်ပါတယ်။
အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၅၇၃၅၀ တန်ဖိုးရှိ ဝဥခြောက် ၃၁ တန် ကိုလည်းကောင်း၊ စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၄၈၁၇ တန်ဖိုးရှိ ရီတားသီး ၃၅ တန်ကိုလည်း ကောင်း အသီးသီးတင်ပို့ခဲ့ကြပြီး တမူးကုန်သွယ်ရေးမှ အမေ ရိကန်ဒေါ်လာ ၄၄၁၈ တန်ဖိုးရှိ တောင်လုံးကျော် တန် ဝက်နီးပါး တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။                                      မော်မော်အောင်

  • Agency Ministry of Foreign Affairs
  • Category General