ဆန်ဟောင်းလက်ကျန်နည်းပြီးအဝင်ပါးလို့ဈေးတက်

ဧည့်မထ ၁၅ မှတ်တစ်အိတ် ၁၁၉ ယွမ်မှ ၁၂၁ ယွမ်၊ ဧည့်မထ ၂၅ မှတ်တစ်အိတ် ၁၁၆ ယွမ် မှ ၁၁၈ ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၂၄ ယွမ်မှ ၁၂၈ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ်ယွမ် ၁၂၀ မှ ၁၂၃ ယွမ်၊ ငစိန် ၂၅ မှတ်တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၈ ယွမ် ပေါက်ဈေးရှိပြီး ဧည့်မထ ၅မှတ် နဲ့ ၁၀ မှတ်မှာ တစ်အိတ်ကို နှစ်ယွမ်မှ လေးယွမ် အထိ ဈေးတက်ကြောင်း သိရပါတယ်။ တစ်ဖက် နိုင်ငံရဲ့ ဝယ်လိုအား  ရှိနေတဲ့အတွက် ဆန်ဈေး လည်း မြင့်တက်နေပါတယ်။ ဒီဇင်ဘာ ၁၆ ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၈ ကျပ် ဈေးရှိ ကြောင်းသိရပါတယ်။
မြို့တွင်း နယ်ပေါင်းစုံမှ မူဆယ်သို့ ဆန် အဝင်မှာ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ရက် သတ္တပတ်အတွင်း ဆန်တန်ချိန် ၁၆၃၈၂ တန် ရှိတယ်လို့သိရပါတယ်။
ယဉ်ယဉ်အေး

  • Agency Ministry of Foreign Affairs
  • Category General