အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသို့ပျားရည်တန် ၉၀ နီးပါး တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသို့ ပျားရည် တန် ၉၀ နီးပါး တင်ပို့နိုင်ခဲ့ ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၂၅၁၀ ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် ပျားမွေးမြူရေး လုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့တွင် အများ ဆုံး လုပ်ကိုင်လျက်ရှိကြောင်း၊ ပျားရည်တွင် ဆီးပျားရည်၊ လဲမှို့ပျားရည်၊ နေကြာပျားရည်နဲ့ ပန်း နှမ်းပျားရည်ဆိုပြီး မှီတွယ်ရတဲ့သစ်ပင် အမျိုးအစား အလိုက် ပျားရည်ရရှိကာ ပြည်ပဈေးကွက်သို့ တင်ပို့ကြကြောင်း သိရပါ တယ်။   
    မော်မော်အောင်
 

  • Agency Ministry of Foreign Affairs
  • Category General