တာချီလိတ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့

အောက်တိုဘာ ၈ရက်မှ ၁၄ရက်တာကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၉၈၉၀ တန်ဖိုးရှိ လက်ဖက်ခြောက် ၅၁တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၃ တန်သာ တင်ပို့ခဲ့တဲ့ အတွက်ယခုတစ်ပတ်မှာ လက်ဖက်ခြောက် ၃၈တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လက်ဖက် (အခါးခြောက်)ကို ဂျာမနီနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အနီး ဝန်းကျင်နဲ့ တာချီလိတ်မြို့ရဲ့ တောင်တန်း၊တောင်ကြောတွေပေါ်မှာ စိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ ကို တင်ပို့ရောင်းချကြကြောင်းသိရပါတယ်။                                      မော်မော်အောင်
 

  • Agency Ministry of Foreign Affairs
  • Category General