မုံရွာကုန်စည်ဒိုင် အောက်တိုဘာတတိယပတ် ပဲဈေးကွက် ကုလားပဲမျိုးစုံ တက်ဈေးဖြင့် အရောင်းအဝယ်သွက်

မုံရွာကုန်စည်ဒိုင် အောက်တိုဘာလတတိယပတ်ပဲဈေးကွက်မှာ ကုလား ပဲ မျိုးစုံ၊ စိမ်းကြီးနဲ့ မတ်ပဲတို့ အသီးသီးဈေးတက်ကာ အရောင်းအဝယ်သွက် လာခဲ့ပြီး၊ ပဲစင်းငုံနီကတော့ သိသိသာသာ  ဈေးကျဆင်းသွားတာ  တွေ့ရပါ တယ်။
ယခုတစ်ပတ်မှာ   ကုလားပဲဈေးဟာ  ကုလားပဲဖြူလုံးကြီး  တစ်တင်း  ကျပ် ၄၄၀ဝဝ နဲ့   ၉၂၉ တစ်တင်း ကျပ် ၄၂၀ဝဝ အသီးသီး စံချိန်တင်ပေါက်ဈေး ရောက်ရှိခဲ့ကာ အရောင်းအဝယ်အားဖြင့်လည်း တစ်ရက်အနည်းဆုံး အိတ် ၇၀ဝ
ခန့်မှ အများဆုံးအိတ် ၁၅၀ဝ အထိဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်မှ သိရပါ တယ်။ ပွင့်လင်းရာသီရောက်လာပြီဖြစ်သလို ပဲသစ်ပေါ်ဖို့ အနည်းဆုံးလေးလ ကျော်လို သေးတာမို့ ခွဲစက်၊ အမှုန့်ကြိတ်စက်စတဲ့ ကုန်ချောလိုင်းနဲ့ ကြာဆန် စက်တွေရဲ့ ကုန်ကြမ်းလိုင်းပါ အဝယ်လိုက်ခဲ့လို့ အခုလိုတက်ဈေးနဲ့ အဝယ်သွက် ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ပဲတီစိမ်းဈေးကွက်မှာလည်း  ယခုတစ်ပတ်မှာ စိမ်းကြီးက တစ်တင်း ၂၉၅၀ဝ ကျပ်အထိ၊ စိမ်းသေးက  တစ်တင်း ကျပ် ၂၈၀ဝဝ အထိ အမြင့်ဈေး
ပေါက်ခဲ့ပြီး၊ တရုတ်အဆွဲအနည်းငယ် နဲ့ ပြည်တွင်းသုံးအဝယ်ရှိခဲ့ပြီး၊ တစ်ရက် အိတ် ၂၀ဝ မှ ၃၀ဝ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မတ်ပဲဈေး ကွက်မှာ လည်း အထွက်တိုးတစ်တင်း ကျပ် ၄၃၀ဝဝ နဲ့ ရိုးရိုးပဲတစ်တင်း ကျပ် ၄၇၀ဝဝ ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၂၀ဝ မှ ၃၀ဝ ဖြစ်နိုင်တယ်လို့ ကုန် သည်ရပ်ကွက်က သိရပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်က တစ်တင်း ၃၆၈၀ဝ ကျပ်အထိ အမြင့်ဆုံးပေါက်ခဲ့ တဲ့ ငုံနီဟာ ယခုတစ်ပတ်မှာ တစ်တင်း ၃၃၇၀ဝ ကျပ်အထိ  ကျဈေးဖြစ်ခဲ့ပြီး၊ အဝယ်အသင့်အတင့်ရှိလို့ တစ်ရက် အိတ် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခြားပဲမျိုးစုံဈေးကွက်မှာတော့ စွန်တာနီတစ်တင်း ၁၆၅၀ဝ ကျပ်၊ ပဲနီလုံးကြားတစ်တင်း ၁၇၈၀ဝ ကျပ်၊ ထောပတ်ပဲတစ်တင်း ၁၃၅၀ဝ ကျပ်၊ ပဲကြီး တစ်တင်း ကျပ် ၂၅၀ဝဝ၊ ပုဂံပဲတစ်တင်း ကျပ် ၂၄၀ဝဝ နဲ့ မြေထောက်ပဲတစ်တင်း ကျပ် ၂၃၀ဝဝ အသီးသီးဈေး ငြိမ်နေခဲ့ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ မုံရွာကုန်စည် ဒိုင်ရပ်ကွက်မှ လေ့လာသိရှိရပါတယ်။                 ထွန်းလှိုင်-မုံရွာ

  • Agency Ministry of Foreign Affairs
  • Category General