ပြည်ထောပတ်ပဲ ဈေးအနိမ့်နဲ့သာ အရောင်းအဝယ်ဖြစ်

ယခုနှစ်ပြည်ပဲမျိုးစုံ ဈေးကွက်အတွင်း အခြားပဲများဈေးအတက်အကျရှိခဲ့သော်လည်း ထောပတ်ပဲသီးနှံအနေဖြင့် ယခုနှစ် တစ်နှစ်တာလုံးဈေးအေးခဲ့တဲ့ သီးနှံဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲဈေးကွက်အတွင်းမှာလည်း ဈေးအနိမ့်ဆုံးရခဲ့လို့ တစ်တင်းကျပ်
၁၃၅၀ဝ ဖြင့်သာ ပဲသစ်ပေါ်ချိန် နှစ်ဆန်းပိုင်းကာလမှစ၍ ယခု ချိန်အထိ ယင်းဈေးတစ်ပတ်လည်သာရရှိခဲ့ပါတယ်။ ယခင်နှစ်က အောက်တိုဘာလအတွင်း တစ်တင်းကျပ်  နှစ်သောင်းကျော်အထိ ရရှိခဲ့သလို ပဲလက်ကျန်ပြတ်ချိန်မှာလည်း တစ်တင်းကျပ်
၁၇၅၀ဝခန့်အထိ ရရှိခဲ့တာကိုတွေ့ရပြီး ယခုနှစ်ဈေးထက်လည်း ပိုရခဲ့တာကိုတွေ့ရပါတယ်။        ခင်ဆွေဝင်း
 

  • Agency Ministry of Foreign Affairs
  • Category General