ပြည်ပသို့ပြန်လည်တင်ပို့နေ၍ ပြည်မန်ကျည်းမှည့်ဈေးပြန်လည်မြင့်တက်

ယခုတစ်ပတ်အတွင်းပြည်(ရခိုင်)  ပွဲရုံများမှာ မန်ကျည်းမှည့် (အဟောင်း) ဒါးလှီးသားများ အရောင်းအဝယ် သွက် နေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန် လည် တင်ပို့နေတာကြောင့်စစ်တွေနဲ့ သံတွဲမြို့တွေကို နေ့စဉ်ပုံမှန် တင်ပို့နေ ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နေတဲ့ မန်ကျည်းမှည့် (အဟောင်း) ဒါးလှီးသား  တွေက ဟင်္သာတ၊ ကြံခင်း၊ ထုံးဘိုတို့ ဘက်မှ ဝင်ရောက်လာတဲ့ မန်ကျည်း မှည့်အဟောင်းတွေဖြစ်ပါတယ်။အဝယ်လိုက်နေပေမယ့်ဈေးမြင့်တက်လာခြင်းမရှိဘဲဈေးငြိမ်နဲ့အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပြည်ပအဝယ်ရှိမှုကြောင့်ဈေးကွက်မှာ အရောင်းအဝယ်သွက်နေတာ  ဖြစ်ပါ တယ်။ ယခုတစ်ပတ်မှာ ပြည် မန်ကျည်း မှည့် တစ်ပိဿာ (ပွဲရုံဈေး) ၂၈၀ဝကျပ်၊ဒေသတွင်းလက်လီဈေးကတော့၃၅၀ဝ ကျပ်ဖြစ်ပြီးပိဿာ ၃၀ဝင် အိတ်၅၀ ခန့် ရက်ခြား တင်ပို့နေရကြောင်း သိရပါ တယ်။                                         
နီနီဝင်း

  • Agency Ministry of Foreign Affairs
  • Category General