ပြည်သစ်သီးဝလံ ဈေးကွက်သို့ သြဇာသီးများ စတင်ဝင်ရောက်လာ

ပြည်သစ်သီးဝလံ ဈေးကွက်သို့ ပြည်ဒေသထွက် သြဇာသီးများ စတင်ဝင်ရောက်လာတာ တွေ့ရပါတယ်။ ပေါ်ဦး ပေါ်ဖျား အသီးများဖြစ်၍ ဈေးကောင်းရလျက်ရှိနေပါတယ်။ ပြည်မြို့ဒေသ အနီးတဝိုက်ဖြစ်တဲ့ မှော်ဇာ၊ ဇီးအုပ်၊ ဖိုးဦးတောင်၊ ရွှေဘုံသာ စတဲ့ အနောက်ဘက်ကမ်းဒေသများမှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း သြဇာသီး ရာခြင်းဈေးကတော့ (အချော) ၃၅၀ ကျပ်နှင့် (လတ်) ၃၀ဝ ကျပ် (သေး) ၂၀ဝ ကျပ်တို့ ဖြစ်ပါတယ်။ အသီးလှိုင်လှိုင် မရှိသေးတာကြောင့် ဈေးမြင့်နေသော်လည်း အရောင်းအဝယ်ကတော့ အကုန် ဖြစ်လျက်ရှိနေပါတယ်။ သြဇာသီး ပေါ်စဖြစ်လို့လည်း ဒေသတွင်းဈေးကွက်မှာ ဝင်လာသမျှ  အရောင်းအဝယ်သွက် လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ရက်ပိုင်းအတွင်း အလုံး ၅၀ ဝင်ခြင်း ၅၀ မှ ၆၀ခန့် ပုံမှန်ဝင်ရောက်နေပြီး အရောင်း အဝယ်အကုန်ဖြစ်ကြောင်းလည်း သိရပါတယ်။
နီနီဝင်း

  • Agency Ministry of Foreign Affairs
  • Category General