နနွင်း တန် ၄၀ တင်ပို့

ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ သြဂုတ်၂၈ ရက်မှ စက်တင်ဘာ ၃ ရက် သီတင်းပတ်အတွင်း စင်ကာပူနိုင်ငံသို့ နနွင်း တန် ၄၀ တင်ပို့ခဲ့ပါတယ်။ယခင် သီတင်းပတ်နနွင်းတင်ပို့မှုမှာ တန်ချိန်၁၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့ မှုနဲ့ ယှဉ်ရင်တန်ချိန်၁၅၀ ကျော်တင်ပို့မှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၃၁၀ဝ၀ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လ နနွင်းတင်ပို့မှုမှာ တန်ချိန် ၆၄၀  ကျော်ရှိခဲ့ပြီး သြဂုတ်လတင်ပို့မှုမှာ တန်ချိန်၁၀၉၀ ကျော်ရှိခဲ့တာကြောင့် သြဂုတ်လ မှာ နနွင်း တန် ၄၅၀ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။  သီတာဝင်း
 

  • Agency Ministry of Foreign Affairs
  • Category General