ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက် တင်ပို့

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးဇုန်မှ သြဂုတ် တတိယပတ်တွင် အမေရိကန် ဒေါ်လာ
၁၇၉၀၃ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၃တန်ခွဲ တင်ပို့ ခဲ့လို့ မြန်မာ နိုင်ငံမှထွက်ရှိတဲ့ လက်ဖက်ခြောက်တွေကို ထိုင်းနိုင်ငံသို့ ပုံမှန်တင်ပို့နေတာကို တွေ့ရပါတယ်။မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ လက်ဖက်ခြောက် အမျိုးအစားများအနက်လက်ဖက်အခါးခြောက် (ရေနွေးကြမ်း ပြုလုပ်ရာတွင် အခြောက်ခံပြီး အသုံးပြုသောလက်ဖက်) တွေကို ပထမဆုံးအကြိမ်အနေနဲ့ ဂျာမနီနိုင်ငံသို့ တင်ပို့ရောင်း ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ သတင်းရရှိပါတယ်။
မော်မော်အောင်

  • Agency Ministry of Foreign Affairs
  • Category General