အရောင်းအဝယ်အေးသထက်အေးလာသော ကားဈေးကွက်

သြဂုတ်လ တတိယပတ်အခြေအနေမှာ ယခင်ရက် သတ္တပတ်များကဲ့သို့ပင် ကားအရောင်းအဝယ်များ  အေးစက် နေကာ ယခုရက်သတ္တပတ်တွင် မေးမြန်းလာသူပင်နည်းပါး သွားကြောင်း ဈေးကွက်သတင်းရပ်ကွက်မှ သိရသည်။
လူအများစောင့်မျှော်နေသည့် ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့်မူဝါဒများ (ရန်ကုန်တိုင်းဆိုလျှင်  ကားပါကင် ထောက်ခံချက်အပေါ် အစားထိုးမည့် အစီအမံများ) အား သက်ဆိုင်ရာမှ အကြောင်းအရာတစ်စုံတစ်ခု မထုတ်ပြန် သေးသည့်အတွက် ကားဈေးကွက်ရောင်းပန်းဝယ်ပန်းအေး ကာ အခြေအနေစောင့်ကြည့်နေကြသည့် သဘောသာဖြစ် နေကြောင်း ဈေးကွက်တွင်းရှိ   ဝါရင့်ယာဉ်ဝယ်ရောင်း         ကိုမြင့်ကျော်က ပြောသည်။
တဖြည်းဖြည်း အဝယ်အေးလာသည့်အတွက် အထွက် စလစ်ကပ်ကားများဖြစ်သော အင်ဂျင်ပါဝါကြီး ကားများ၊ လူသုံးများ စလစ်ကပ်ကားများပင် အဝယ်မရှိတော့ဘဲ မေးမြန်း သူပင် နည်းပါးလာကြောင်း၊ ထို့အတွက် ယခင်လက ယာဉ်အို ယာဉ်ဟောင်း အပ်နှံရာတွင် ဝန်ကပ်ယာဉ်ငယ် ပစ်ကပ်များ အား အမျိုးအစားတူသာ ပြန်လည်တင်သွင်း ခွင့်ပေးမည် ဆိုသည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ကြေညာချက်ထွက်ပြီးစမှာပင် သိန်း ၁၀ဝ ကျော် ဈေးပေါက် ခဲ့ပြီး ဝယ်ယူရာတွင်ပင် မလွယ်ကူသည့် စလစ်ဈေးမှာလည်း ယခုအခါအဝယ်မရှိသလောက်ဖြစ်လာ၍ ဈေးတန်းပြန်လည် ကျဆင်းကာ ၉၅ သိန်းခန့်ဖြစ်လာပြီး နှစ် ၂၀ ယာဉ်အိုဟောင်း ရုပ်ခံရှိယာဉ်ဆိုလျှင် ကျပ်သိန်း ၉၀ ခန့် ဈေးပြန်လည်ကျ ဆင်းသွားကြောင်း သိရသည်။
ယခုကဲ့သို့ ဈေးကွက်အတွင်း ကားမျိုးစုံမှာ (အင်ဂျင် ပါဝါကြီး၊ အင်ဂျင်ပါဝင်သေး) ဈေးကွက်အေးစက်နေပြီး အရောင်းအဝယ်မကောင်းသော်လည်း ဈေးမှာမကျဆင်းဘဲ ယခင်ခေါ်ဈေးများသာ တန်းနေပြီး   မရှိမဖြစ် အသုံးလို၍ ဝယ်ယူလိုသူများကလည်း အက္ခရာတစ်တန်းနိမ့်၊ နှစ်တန်း နိမ့် ကားများကိုသာ ရှာဖွေဝယ်ယူလာကြကြောင်း၊ ထိုထဲတွင် စီအန်ဂျီသုံးအက္ခရာနိမ့်   အငှားယာဉ် တက္ကစီလေးများနှင့် တစ်လက်ကိုင် နှစ်၂၀ ပေါက်ရုပ်ခံရှိ အပ်ကားစာရင်းဝင် ကားဟောင်းများအား ကျပ်သိန်း ၉၀ မှ သိန်း ၁၀ဝ ကြား ဝန်းကျင်ဖြင့် ဝယ်ယူစီးနင်းလာကြကြောင်း ဝါရင့်အကျိုး ဆောင်များမှ ပြောသည်။                                    SN
 

  • Agency Ministry of Foreign Affairs
  • Category General