ယခင်တစ်ပတ်ထက် နနွင်းတန်ချိန် ၃၀ ပိုမိုတင်ပို့

ဇူလိုင်လ ၂၄ ရက်မှ ၃၀ရက်  သီတင်းပတ်အတွင်း နနွင်း  ၁၄၈ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စင်ကာပူနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က နနွင်းတင်ပို့မှုမှာ ၁၁၈ တန် ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၃၀ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။  ဒီတစ်ပတ် နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၁၄၂၈၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့  ကြည့်မယ်ဆိုရင် ဇွန်လအတွင်း နနွင်းတင်ပို့မှုမှာ တန်ချိန် ၁၃၁၈ တန်ကျော်ရှိခဲ့ပြီး ဇူလိုင်လမှာ တန်ချိန် ၆၄၆ တန်ကျော်သာ တင်ပို့နိုင်ခဲ့တာ ကြောင့် ဇူလိုင်လမှာ နနွင်း၆၇၂တန်ကျော်တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)

  • Agency Ministry of Foreign Affairs
  • Category General