ဒီတစ်ပတ်နနွင်း တင်ပို့မှု လျော့ကျလာ

ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်သီတင်းပတ်အတွင်း နနွင်း၁၁၈ တန်ကို စင်ကာပူ နိုင်ငံသို့ ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ် နနွင်းတန်ချိန် ၁၈၀ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် ၆၂ တန်ခန့် တင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် နနွင်းတင်ပို့မှုမှာ တန်ချိန် ၂၄၀ ကျော်ရှိခဲ့တာကြောင့် ဒီနှစ်မှာ နနွင်းတင်ပို့မှု လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။  ဒီတစ်ပတ် နနွင်းတင်ပို့ မှုမှ ကန်ဒေါ်လာ ၉၁၄၅၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။  
 

  • Agency Ministry of Foreign Affairs
  • Category General